ဂီတပွဲတော်တွေမှာ ပါဝင်ဆင်နွှဲခြင်းဟာ ကယ်လိုရီ လျော့ကျစေနိုင်




လေ့လာမှု အသစ်တစ်ခုအရ ဂီတ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဆင်နွှဲ ခြင်းဟာ ကယ်လိုရီ မြောက်များစွာ ကို လောင်ကျွမ်းစေနိုင်ပါတယ်တဲ့။

Metro သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ကျွန်ုပ်တို့ အများစုဟာ ဂီတ ပွဲတော်တွေ ဆင်နွှဲရတာ  ချွေးပြန် ၊ စာလို့မကောင်းတဲ့ အသင့်စားအစားအစာ တွေနဲ့ နေရောင်အောက်မှာ အချိန်ကြာကြာနေထိုင်နေရ တာတွေလို့ပဲ မြင်နေကြပါတယ်။

အမှန်တစ်ကယ်ကတော့ ဂီတ ပွဲတော် တွေဟာ သင့်ရဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဂီတပွဲတော် တစ်ခုမှာ ပါဝင်ဆင်နွှဲလိုက်ခြင်းဟာ သင့်အတွက် နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်ခု အသွင် ဖြစ်စေပြီး သင့်ကိုပြီးပြည့်စုံသွားစေမှာပါ။

လက်ရှိမှာလည်း ဂီတပွဲတော်တွေမှာပါဝင်ဆင်နွှဲခြင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို သိချင်တဲ့အတွက် နည်းပညာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Withings ဟာ ဂီတပွဲတော်သွားမယ့် ပရိတ်သတ်တွေကို တစ်ပတ်တိတိ ဆက်တိုက်ကျင်းပမယ့် ဂီတပွဲတော် မှာ ပျမ်းမျှအားဖြင့် ကယ်လိုရီ ဘယ်လောက်ထိ လောင်ကျွမ်းသွားစေလဲဆိုတာ သိနိုင်ဖို့ Fitness အခြေအနေ မှတ်တမ်းတင်ကိရိယာ များ ၀တ်ဆင်သွားစေခဲ့ပါတယ်။

အဲဒီမှာတော့ စတိတ်စင်တစ်ခုကနေ တစ်ခုကို လမ်းလျှောက်ကူးခြင်း ၊ ပွဲတော် တစ်လျှောက် လှည့်ပတ်ကြည့်ရှုခြင်း ၊ ကခုန်ခြင်း တွေဟာ ကယ်လိုရီ ပမာဏ ၉၀၀၀ ခန့်ကို လောင်ကျွမ်းသွားစေခဲ့ပါတယ်။ ၃ ရက်ခန့်မှာ ကီလိုမီတာ ၂၀ ကျော်ခန့် လမ်းလျှောက်ဖြစ်ခဲ့တဲ့အတွက်လည်း ကျန်းမာရေး ရှုထောင့်အရ ကောင်းမွန်ပါတယ်။ သင့်ရဲ့ လုပ်ဆောင်ချက် တစ်ခုစီတိုင်းဟာ ခန့်မှန်းခြေ ကယ်လိုရီ ၄၀၀ ကနေ ၇၀၀ အထိ လျှော့ချပြီးသား ဖြစ်စေပါတယ်။

Withings ကုမ္မဏီဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ဂီတပွဲတော် ကြီးတွေကို စစ်တမ်းကောက်ယူ သုတေသန ပြုလုပ်ပြီး ပျမ်းမျှ ကယ်လိုရီ လောင်ကျွမ်းမှု ပမာဏ ကို အဆင့်သတ်မှတ်ခဲ့ရာမှာတော့ Glastonbury ပွဲတော်က ပျမ်းမျှအားဖြင့် ကယ်လိုရီ ၃၄၀၀ ကျော် လောင်ကျွမ်းစေနိုင်ခဲ့တဲ့အတွက် ထိပ်ဆုံးက ရပ်တည်နေပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Tone Deaf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ