ကလေးတွေအပေါ် မိဘတွေရဲ့ စိတ်ပညာအရ ထိန်းချုပ်မှုတွေဟာ သူတို့လေးတွေကို ဘ၀မှာ မပျော်မရွှင် ဖြစ်လာစေ




မိမိ ရဲ့ ကလေးတွေ အပေါ်မှာ စိတ်ပညာ အရ ထိန်းချုပ်မှု များတဲ့ မိဘတွေဟာ သူတို့ သားသမီးတွေကို ဘ၀ ရဲ့ ကျန်ရှိတဲ့ အချိန်တွေမှာ မပျော်မရွှင်နဲ့ မှီခိုမှုတွေများနေအောင် ဖန်တီး လိုက်စေတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။

ဗြိတိန် နိုင်ငံသား ထောင်ပေါင်းများစွာကို ဆယ်ကျော်သက် ဘ၀ ကနေ အသက် ၆၀ ၀န်းကျင်အထိ လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုအရ ကလေးဘ၀မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို မိဘတွေ ရဲ့ ထိန်းချုပ်မှု ခံခဲ့ရတဲ့ သူတွေဟာ နောက်ပိုင်းမှာ ပိုမို မပျော်မရွှင် ဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး လည်း နိမ့်ကျနေကြတယ်လို့ သိရပါတယ်။

ဘ၀ တစ်သက်တာ ပါလာမယ့် မကောင်းတဲ့ သက်ရောက်မှု ဟာ သေမလို ဝေဒနာ ခံစားခဲ့ရဖူးသူတွေလိုပဲ တူညီတဲ့ ခံစားချက်တွေ ရရှိစေတယ်လို့ လန်ဒန် တက္ကသိုလ် က သုတေသီ တွေက ဆိုထားပါတယ်။

ဒီလေ့လာမှုဟာ ကလေးတွေရဲ့ ဘ၀ မှာ လိုတာထက်ပိုပြီး စိတ်ဝင်စားနေတဲ့ (သို့) အလွန်အကျွံ ဂရုစိုက်ပြကာ များသောအားဖြင့် နွေးထွေးမှု ကို မပေးနိုင်တဲ့ ဟယ်လီကော်ပတာ မိဘ ၊ ကျားမိခင် စတဲ့ အသုံးအနှုန်းတွေအတွက် စကားစစ်ထိုးပွဲ တစ်ခု ဖန်တီးပေးလိုက်ပါတယ်။

စောင့်ကြည့်လေ့လာခံရသူတွေဟာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိတော့ ဆရာမတွေရဲ့ စောင့်ကြည့်မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပြီး အသက် ၃၀ ၊ ၄၀ နဲ့ ၆၀ အရွယ်တို့ကို ရောက်တဲ့အခါမှာတော့ တွေ့ဆုံမေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

ထို လေ့လာမှုမှာ ၁၉၄၆ ခုနှစ် မွေးဖွားတဲ့ လူဦးရေ ၅၃၆၂ ယောက်ကို အသက် ၆၀ အရွယ် အထိ စုစု ပေါင်း စစ်တမ်းကောက်ယူမှု ၂၀၀၀ တိတိ ပြုလုပ်ခဲ့ပြီး ရလဒ်တွေကိုတော့ Positive Psychology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဒီလေ့လာမှု က တစ်ဆင့် ထပ်မံ တွေ့ရှိခဲ့တာကတော့ အများစု ရဲ့ ဘ၀မှာ ဖခင်တွေရဲ့ ဂရုစိုက်မှု ဟာ သက်ရောက်မှု ပိုကြီးမားပြီး အသက် ၄၀ ကျော်တဲ့အခါမှာတော့ သူတို့ ကိုယ်တိုင် မိဘ တွေ ဖြစ်ကုန်တဲ့ အလျောက် မိခင်တွေရဲ့ စိတ်ပညာဆိုင်ရာ ထိန်းချုပ်မှု ဟာ ပိုအရေးပါတယ် လို့ သတ်မှတ်လာတာကို တွေ့ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ