အမျိုးသမီးတွေ တစ်ပတ်ကို ဘီယာ ၂ ပိုင့်ခန့် ပုံမှန်သောက်ပေးခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းစေ




အမျိုးသမီးတစ်ယောက်မှာ အကြိုက်ဆုံး ဘီယာ ရှိနေခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ် ကို ၂ ပိုင့်သာ သောက်သုံးပေးဖို့တော့လိုအပ်ပါတယ်။

တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အပတ်စဉ် ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့် သောက်သုံးတဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါ ဖြစ်ပွားခြင်းကို ခံစားရဖို့ အခွင့်အလမ်းနည်းစေတယ်လို့ Gothenburg တက္ကသိုလ်က သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီလို အပတ်စဉ် ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့် ခန့် သောက်သုံးသူတွေဟာ ဘီယာ အလွန်အကျွံသောက်သုံးသူတွေ ၊ ဘီယာ လုံးဝ မသောက်သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းနည်းပါးနေပါတယ်။

သုတေသီတွေဟာ အသက် ၅၀ ၀န်းကျင်ရှိနေပြီဖြစ်တဲ့ အမျိုးသမီး အယောက် ၁၅၀၀ ကို လေ့လာမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ထို အသက်အရွယ် အလယ်အလတ် ရှိတဲ့ အမျိုးသမီးတွေကို ၁၉၆၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ တောက်လျှောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ယမကာ မှီဝဲမှုတွေကိုလည်း ရောဂါ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

၃၂ နှစ်တာ လေ့လာခဲ့တဲ့ ရလဒ်ကတော့ အမျိုးသမီး ၁၈၅ ယောက်ဟာ နှလုံးရောဂါ ဖြစ်ခဲ့ကြပြီး ၁၆၀ ယောက် ဆီးချိုသွေးချို နဲ့ ၃၄၅ ယောက်တို့က ကင်ဆာ ဖြစ်ခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ယမကာ အလွန်အကျွံသောက်သုံးသူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းအထိတိုးလာတာကို တွေ့ရသလို တစ်ပတ်ကို ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့်သာ သောက်သုံးသူတွေကတော့ ဘီယာ အလွန်အကျွံသောက်သုံးသူတွေနဲ့ လုံးဝ မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးတာကိုတွေ့ရပြန်ပါတယ်။

ထို လေ့လာမှုကိုတော့ ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ Scandinavian Journal of Primary Health Care မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ