သင့်အသားအရေ ဘယ်လိုတင်းရင်းစေမလဲ


အသက်အရွယ်လေး ရလာပြီဆိုရင် မျက်နှာပြင်ပေါ်မှာ အရေးအကြောင်းလေးတွေ ပေါ်ထွက်လာတာကို လူတိုင်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အရေးအကြောင်း ပျောက်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ မျက်နှာပြင်ပေါ် Botox လို့ခေါ်တဲ့ ဆေးထိုးခြင်း နည်းလမ်းဟာ အထိရောက်ဆုံးနှင့် လူကြိုက်အများဆုံးလည်း ဖြစ်ပါတယ်။ သို့သော်လည်း မျက်နှာပြင်ပေါ်မှ ဆေးထိုးနှံခြင်းကို ကျွမ်းကျင် ဆရာဝန်တွေ ထိုးနှံပေးခြင်း မဟုတ်ပါက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါကြောင့် ဆေးထိုးရမှာကိုလည်း ကြောက်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များအတွက် ဘေးထွက်ဆိုးကျိုးကင်းတဲ့ သဘာဝ သစ်သီးနှင့် ပြုလုပ်ထားတဲ့ မျက်နှာပေါင်းတင်နည်းလေးကို ဝေမျှလိုက်ရပါတယ်။
လုပ်နည်းလေးကလည်း မခက်ပါဘူး။ ငှက်ပျောသီး အနေတော် အရွယ် တစ်လုံးကို အနှစ်ဖြစ်တဲ့အထိ ဇွန်းနှင့်ကြိတ်နယ်ပေးပါ။ မျက်နှာ နှင့် လည်ပင်းတ၀ိုက် ညင်သာစွာ သုတ်လိမ်းပေးပါ။ အဲဒီလို သုတ်လိမ်းတာကို ၁၀ မိနစ် ကနေ မိနစ် ၂၀အထိ ထားပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် ၂ ပတ်ခန့် ပြုလုပ်ပြီးပါက သင့်မျက်နှာလေး အရေးအကြောင်းတွေ လျော့ပါးပြီး တင်းရင်းစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိမှာပါ။
သကြားမပါတဲ့ ဒိန်ချဉ် 1/4ခွက် (ရေနွေးသောက်ဖန်ခွက်) ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ အနှစ်ဖြစ်သည်အထိ ကြိတ်ချေထားတဲ့ ငှက်ပျောသီး တစ်လုံးကို သမအောင် ရောမွှေပြီး အထက်ပါနည်းအတိုင်း ကပ်ပေးမည် ဆိုပါကလည်း အသားအရေ တင်းရင်းစေရုံသာမက ဖြူဝင်းစေမှာ အမှန်ပါပဲ။

http://myanmar.china.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ