University of Southern California မှ သိပ္ပံပညာရှင်များက ဒီတစ်ပါတ်ထုတ် American Journal of Clinical Nutrition ဂျာနယ်မှာ Human Milk Oligosaccharides (HMOs) ဓါတ်တွေဟာ ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ လွှမ်းမိုးနိုင်ပြီး ကလေးငယ်တွေ ၆ လမပြည့်ခင်အတွင်း အ၀လွန်ဖို့အတွက် တွန်းအားပေးနိုင်ကြောင်း ရှင်းလင်းဖော်ပြထားပါတယ်။
HMOs နှစ်မျိုးဖြစ်တဲ့ LNFPII နဲ့ DSLNT ဓါတ်ပေါင်းတွေဟာ ဒီလိုအ၀လွန်ခြင်းဖြစ်ပွားမှုအပေါ် အဓိကသက်ရောက်မှုရှိနေတယ်လို့ ဆိုပါတယ်။
HMOs ဟာ မိခင်နို့ရည်မှာ တတိယအများဆုံးပါဝင်တဲ့ ဓါတ်ဖြစ်ပြီး ကိုယ်ခံစွမ်းအား နဲ့ ကြီးထွားမှုအတွက် အဓိကဖြစ်ပြီး ကလေးငယ်တွေဆီကို မိခင်ဆီက အဆီဓါတ်တွေဘယ်လို ကူးပြောင်းသွားစေတယ်ဆိုတာ အဖြေရှာမရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါတယ်။
“ ပုံမှန်အားဖြင့် ကျွန်တော်တို့ ထင်တာက အဆီဆိုတာတွေက စားစာရာတွေမှာပဲ ပါဝင်ပြီး သကြားဓါတ်ပါဝင်တဲ့ အဖျော်ယမကာများမှာသာ ပါဝင်လို့ မိခင်နို့ပြတ်ပြီးမှ စားသုံးရင် အ၀လွန်နိုင်တယ်လို့ သတ်မှတ်သိရှိထားကြတာလေ။ အထူးသဖြင့် မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးငယ်တွေမှာပါ ၀နေတယ်ဆိုတော့ တစ်ခုခုဖြစ်နေတာတော့ ရှင်းပါတယ်” လို့ Childhood Obesity Research Center မှ လေ့လာရေးညွှန်ကြားရေးမှူး Michael Goran က ရှင်းလင်းပြောကြားထားပါတယ်။
“ ကျွန်တော်တို့ သိရသလောက်ကတော့ မိခင်ရဲ့စားသောက်မှုပုံစံက HMOs တွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိတယ်ဆိုတာ လေ့လာထားတာတွေ မရှိသေးပါဘူး။ အဆီပါဝင်တဲ့ စားသောက်မှုပုံစံ ဒါမှမဟုတ် သကြားပါဝင်တဲ့ အစားအသောက်တွေသာ HMOs နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုရင်တော့ တကယ်စိတ်ဝင်စားဖို့ကောင်းမှာပါ။ နောက်ထပ် လေ့လာမှုတွေမှာ ကျွန်တော်တို့ တစ်ခုခုထပ်တွေ့မယ်လို့ မျှော်လင့်ပါတယ်ဗျာ” လို့လည်း ဖော်ပြထားပါသေးတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Upi