ရေခဲမုန့်


ရေခဲမုန့် (ခေါ်) Ice cream ဟာကလေးတွေရဲ့ အသဲစွဲအစားအစာ တစ်ခု ဖြစ်ပါတယ်။ ကလေးတိုင်းနီးပါး ကြိုက်ကြသလို လူကြီး/လူငယ်၊ ကျား/မ မရွေး နှစ်သက်တဲ့ အချိုပွဲတစ်မျိုး ဖြစ်ပါသေးတယ်။ ပူတဲ့ရာသီဖြစ်ဖြစ် ၊ အေးတဲ့ရာသီ ဖြစ်ဖြစ် ရေခဲမုန့်ကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ်။ ကမ္ဘာအရပ်ရပ်မှာ လူကြိုက် များတဲ့ ice-cream ဟာ လူသားတွေအတွက် ကောင်းကျိုးများစွာ ပေးပါ တယ်။ Ice-cream မှာပါဝင်တဲ့ ပစ္စည်းတွေကတော့ အဆီများတဲ့ နို့ ( high-fat milk) ၊ ဒါမှ မဟုတ် cream ၊ sweetners (fructose / glucose) - အများအားဖြင့် ပြောင်းမှရတဲ့ အချိုရည် (Hgh fructose corn syrup) ၊ အနံအရသာအတွက် ချောကလက် ၊ ဗီနီလာ ၊ စတော်ဘယ်ရီ စသဖြင့် အမျိုးစုံ ပါဝင်ပါတယ်။ ကောင်းကျိုးရှိတဲ့နည်းတူ၊ ကျန်းမားရေးအတွက် ဆိုးကျိုးပေး တဲ့ အချက်တွေလည်း ရှိနေပြန်ပါတယ်။

Ice-cream ရဲ့ကောင်းကျိုးတွေကို ပြောရမယ်ဆိုရင်တော့ ပထမအချက် အနေနဲ့ ice-cream မှာ vitamins တွေအများကြီး ပါဝင်ပါတယ်။ Vitamin A, vitamin B2, vitamin B3, vitamin C, vitamin D နဲ့ vitamin E တို့ပါဝင်ကြ ပါတယ်။ ကျန်းမားရေး အတွက်အလွန်အထောက်အကူပြုတဲ့ vitamins များပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် vitamin K လည်းပါဝင်ပါတယ်။ နို့မှရတဲ့ vitamins များဟာ လူသားများအတွက် အလွန်အကျိုးပြုပါတယ်။ Ice-cream တစ်ခွက်စားတာဟာအားဆေးတစ်လုံးသောက်တာနဲ့ တောင်တူသလို ဖြစ်နေပါတယ်။ တန်ဆေး လွန်ဘေး ဆိုသလိုပဲ အလွန်အကျွံ စားသုံးတာကတော့ မသင့်တော်ပါဘူး။

Ice-cream ဟာ အင်အားဓာတ်energy ပြည့်ဝစွာ ပေးပါတယ်။ နို့မှရတဲ့ အင်အားဓာတ် ဟာ ကောင်းမွန်ပါတယ်။ ကစီဓာတ် (carbohydrate) နဲ့ အသား ဓာတ် (protein) တို့ပါဝင်ပါတယ်။ ဒါကြောင့် ice-cream စားသုံးတာဟာ ကောင်း မွန်တယ်လို့ ပြောကြတာပါ။ ဒါ့အပြင် ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ သတ္တုဓာတ် (minerals) တွေပါဝင်ပါတယ်။ Calcium နဲ့ Phospho ပါဝင်တဲ့ အတွက် အရိုး နဲ့ သွားများကို ကျန်းမားစေပါတယ်။ အရိုးပါးခြင်း၊ အရိုးပွခြင်းကို အတော်အသင့် ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ကလေးငယ်များအတွက် အရိုး နဲ့ သွား သန်မာဖို့ နို့ကို လိုအပ်သလို၊ နို့ နဲ့ ပြုလုပ်ထားတဲ့ Ice-cream ဟာလည်း သင့်တော်ပါတယ်။

လူငယ်တွေ၊ လူကြီးတွေ အတွက်ဆိုရင် ice-cream စားသုံးတာဟာ စိတ်ဖိစီး မှု (stress) ကိုလျှော့ချနိုင်တယ်လို့ ပြောကြပါတယ်။ တစ်ချို့ရှာဖွေ တွေ့ရှိမှုတွေက ပြောတာကတော့ ice-cream ဟာ ဦးနှောက်ထဲကနေ ပျော်ရွှင်စေတဲ့ ဟော်မုန်း ဓာတ်တစ်မျိုး (thrombotonin) တွက်စေတယ်လို့ ပြောကြပါတယ်။ ရာသီမလာခင် ကိုက်ခဲခြင်း၊ စိတ်မကြည် ၊ ခေါင်းကိုက်ခြင်း (PMS) ကိုလည်းသက်သာစေနိုင် တယ်လို့ တစ်ချို့လေ့လာတွေ့ရှိချက်တွေက ပြောကြပါတယ်။ PMS ဟာ တစ်ချို့ အမျိုးသမီးတွေမှာ တော်တော်ဆိုးဆိုးဝါးဝါး တွေ့ကြုံရတဲ့အတွက် အနည်းဆုံး ice-cream စားပြီးသက်သာအောင်နေလို့ ရမည်လို့ထင်ပါတယ်။ စိတ်ညစ်တဲ့အချိန် ၊စိတ်ရှုပ်စရာများတဲ့ အချိန်တွေမှာဆို ice-cream စားခြင်းဖြင့် (stress) ကို အနည်း ငယ် လျှော့ချနိုင်ပါတယ်။ Energy လည်း ပြည့်ဝစေတဲ့အတွက် ပင်ပန်းနွမ်းနယ်တဲ့ အချိန်များမှာ စားသုံးဖို့ သင့်တော်ပါတယ်။ စိတ်ငြိမ်စေတယ်၊ တချို့ဆိုရင် အိပ်မပျော်တာကိုတောင် သက်သာစေတယ်လို့ ပြောကြပါတယ်။ လေ့လာတွေ့ရှိ ချက်တွေကို (100)ရာခိုင်နှုန်း မှန်မယ်လို့တော့ မာယူဆသင့်ပါဘူး။ အများအားဖြင့် ကောင်းတဲ့အချက်လေး တွေကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ကောင်းကျိုးတွေရှိသလို ၊ ice-cream ရဲ့ ဆိုးကျိုးတွေရှိပါတယ်။ အများအား ဖြင့် High-fat milk နဲ့ ပြုလုပ်ထားတဲ့ အတွက် အချို့ရောဂါဝေဒနာရှိသူများ အနေနဲ့ အနည်းငယ်ချိန်ဆပြီး စားသုံးသင့်ပါတယ်။(ဥပမာ- ဆီးချို ၊ သွေးတိုး ၊ နှလုံးသွေး ကြောကျဉ်း ရောဂါရှိသူများ ၊ သွေးတွင်အဆီဓာတ် များသူများ) Lactose intolerance လို့ခေါ်တဲ့ နို့နဲ့ အနည်းငယ်မတည့်သလို ဖြစ်သူများ အနေနဲ့ကတော့ သတိထားသင့်ပါတယ်။ အချိုဓာတ်ကဲစေရန် ထည့်သွင်းထားရန် wrn syrup ဟာလည်း ဆီချို ရောဂါဝေဒနာရှင်းများ သတိထားရမယ့် အချက်ဖြစ်ပါတယ်။ အလွန်အကျွံစားသုံးမိပါက သွေးတွင်အချိုဓာတ်ကို မြှင့်တက်စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ မိမိရဲ့ ရောဂါအခြေအနေ ပေါ်မူတည်ပြီးစားသုံးဖို့ သင့်မသင့် ဆင်ခြင်နိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတဲ့အတိုင်း သင့်တင့်တဲ့ ပမာဏကို စားသုံး ရင် အကျိုးရှိသလို၊ အလွန်အကျွံစာသုံးပါက ဘေးဖြစ်စေမှာပါ။ အလွန်အေးတဲ့ နိုင်ငံများမှာဆို နှင်း တွေကျတဲ့အချိန်မှာ ရေခဲမုန့် စားကြပါတယ်တဲ့။ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်ပေမယ့် ရေခဲ မုန့် ဟာ energy အပြည့်အ၀ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်ထဲ ရောက်သွားရင် နွေးနွေးထွေးထွေး ဖြစ်စေပါတယ်။ ဒါကြောင့် အေးတဲ့နိုင်ငံက လူတွေက ရေခဲမုန့်ကို အလွန်နှစ်သက်စွာ စားသုံးကြပါ တယ်။ ကျွန်မတို့ နိုင်ငံမှာတော့ နွေရာသီမှာ ရေခဲမုန့်ကို စားသုံးသူအများဆုံး လို့ထင်ရပါပေတယ်။ ကလေးကအစ ၊ လူကြီး ၊ လူငယ် မရွေး နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ်။
ရေခဲမုန့်ရဲ့ ကောင်းကျိုး ၊ ဆိုးကျိုး နဲ့ အာဟာရတန်ဖိုးများကို အတော်အသင့် နားလည်နိုင် ကြမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မရှာဖွေလေ့လာ ဖက်ရှုမိသလောက် ပြန်လည်တင်ပြရခြင်း ဖြစ် ပါတယ်။ လူတိုင်း ကျန်းမားပျော်ရွှင်ကြစေရန် ဆန္ဒပြုလိုက်ရပါတယ်ရှင်။

Dr. Jasmine
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ