ပိုက်ဆံအိတ်တွေ ညစ်ပတ်နေခြင်း ဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်




ဝယ်ကာစ တုန်းကလောက် သန့်ရှင်းမှု မရှိတော့ တဲ့ ပိုက်ဆံ အိတ် တစ်လုံးဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်လို့ ပြောရင် သင်အံ့သြသွားပါလိမ့်မယ်။

ဒါဟာ ရိုးရှင်းတဲ့ သဘောတရားတစ်ခုပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံ အိတ်ပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ဟာ ဘက်တီးရီးယားတွေ ကပ်တွယ်နေပါတယ်။ အမျိုးသမီးတွေကတော့ အဆိုးဆုံး ပဲ ဖြစ်ကြပါတယ်။

သုတေသီတွေရဲ့ အဆိုအရတော့ ပိုက်ဆံအိတ်တွေဟာ ရေချိုးခန်းနဲ့ မီးဖိုချောင်စားပွဲတွေပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှား တွေကို ယူငင် သယ်ဆောင်ထားပါတယ်။ ဒါ့အပြင် ပိုက်ဆံအိတ်တွေဟာ တော်ရုံတန်ရုံ သန့်ရှင်းရေး လုပ်လေ့မရှိကြတဲ့အတွက်လည်း ဘက်တီးရီးယားတွေက ပိုပြီး ကပ်တွယ်နေနိုင်ပါတယ်။

"အမျိုးသားသုံး ၊ အမျိုးသမီးသုံး ပိုက်ဆံအိတ်တွေဟာ ရောဂါပိုးတွေ ကူးစက်စေတဲ့အဓိက သက်မဲ့ ပစ္စည်းတွေဖြစ်ကြပါတယ်။ ဘက်တီးရီးယားကြီးထွားနှုန်းဟာ အမျိုးသားပိုက်ဆံအိတ်တွေမှာထက် အမျိုးသမီး ပိုက်ဆံ အိတ်တွေမှာ တွေ့ရတတ်ပါတယ်" လို့ ထိုသုတေသန မှာ ပါဝင်ခဲ့တဲ့ သုတေသီတွေက Advanced Biomedical Research ဆိုတဲ့ ဂျာနယ်မှာ ထည့်သွင်းရေးသားထားပါတယ်။

Mauritius တက္ကသိုလ်က သုတေသီတွေဟာ အမျိုးသမီး အယောက် ၈၀ နဲ့ အမျိုးသား ၆၅ ယောက်စီက ပိုက်ဆံအိတ် ၁၄၅ လုံးကို တောင်းယူပြီး ဘက်တီးရီးယား ကပ်တွယ်နေမှုကို စစ်ဆေးကြည့်တဲ့အခါမှာ ပိုက်ဆံအိတ် ၉၅.၂ ရာခိုင်နှုန်းခန့်က ဘက်တီးရီးယားတွေ ကပ်တွယ်နေတာကို တွေ့ရပါတယ်။ အမျိုးသမီး ၂.၁ ရာခိုင်နှုန်းကသာ သူတို့ရဲ့ ပိုက်ဆံ အိတ်တွေကို တစ်လ တစ်ခါ သန့်ရှင်းရေးလုပ်လေ့ရှိကြပြီး အမျိုးသမီး ၈၁.၅ ရာခိုင်နှုန်းကတော့ ပိုက်ဆံ အိတ်တွေ သန့်ရှင်းရေးလုပ်လေ့မရှိကြပါဘူး။

ဒါဟာ ပိုက်ဆံ အိတ်အမျိုးအစားနဲ့လည်း ဆိုင်နေပါတယ်။ လယ်သာ နဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်တွေဟာ သာမန် ဖန်စီ ပိုက်ဆံအိတ်တွေထက် ဘက်တီးရီးယား ကပ်တွယ်နိုင်မှု နည်းပါတယ်။ သုတေသီတွေရဲ့ အဆိုအရတော့ လယ်သာ ပိုက်ဆံအိတ်တွေဟာ ချောမွေ့လှတဲ့ လယ်သာ မျက်နှာပြင် ကြောင့် ဘက်တီးရီးယားတွေ ကပ်တွယ်နိုင်ဖို့ ခက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ