ခေါင်းကိုက်ရုံမက ရူးစေနိုင်တဲ့ အရက်နာကျခြင်း



အရက်အလွန်အကျွံသောက်လို့ အရက်နာကျရင် မအီမသာဖြစ်၊ တဒုတ်ဒုတ်နဲ့ ခေါင်းတွေကိုက်၊ အလောင်းကောင်လို ဖြူရော်ပြီး နောက်ဆုံး ရူးပါရူးသွားနိုင်တယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

အရက်အလွန်အကျွံသောက်အပြီး သွေးထဲကအယ်လ်ကိုဟော ပမာဏဟာ သုညရောက်အောင် ပြန်ကျသွားတဲ့အထိ စောင့်ကြည့်လေ့လာပြီး သုတေသနပြုခဲ့ပါတယ်။ အရက်အလွန်အကျွံသောက်ရင် ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အစပိုင်းမှာ ရေဓါတ်ခမ်းခြောက်ခြင်းအဖြစ်နဲ့ လက္ခဏာပြလာပြီး အရက်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက အလုပ်စလုပ်ပါတော့တယ်။

အရက်ထဲမှာ အဓိကပါဝင်တာက ခန္ဓာကိုယ်ကနေ အက်ဆီတိတ်တွေကို ပြိုကွဲလာစေတဲ့ အီသနောတွေပါပဲ။ အက်ဆီတိတ်တွေထွက်လာမှလည်း အဲ့ဒီ့ အီသနောတွေကို တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးမှာ Acetaldehyde လို့ခေါ်တဲ့ အဆိပ်ပုံစံတစ်မျိုး ဖြစ်လာပါတော့တယ်။

အချို့အရက်တွေမှာ မီသနော နည်းနည်းပါဝင်ပြီး မီသနောပြိုကွဲရင် ပိုများတဲ့ အဆိပ်ဒြပ်ပေါင်းတွေထွက်လာပါတော့တယ်။ ပိုနက်တဲ့အရက်တွေမှာ ရှုပ်ထွေးလှတဲ့ အော်ဂင်းနစ် မော်လီကျူးတွေပါပြီး၊ အဲ့ဒီ့အရက်မျိုးကိုသောက်ရင် အရက်နာကျတာ ပိုဆိုးပါတယ်။ ဥပမာ Vodka သောက်ရင် Whisky သောက်တာလောက် အရက်နာမကျတာမျိုးပေါ့။

အရက်နာကျတာဟာ အသက်အရွယ်နဲ့ဆိုင်တယ်လို့ ယေဘုယျအနေနဲ့ လူအတော်များများက သိထားတွေးထားကြတယ်။ အရက်နာသိပ်မကျတတ်တဲ့ သူတွေအကြောင်းကိုလဲ စတင်လေ့လာနေပါပြီ။ ဖြစ်နိုင်တာကတော့ အဲ့ဒီ့လို အရက်နာသိပ်မကျတတ်တဲ့သူတွေဟာ သူတို့ဘယ်လောက်သောက်နိုင်တယ်၊ မသောက်နိုင်ဘူးဆိုတာကို သင်ယူပြီးမြောက်ခဲ့တဲ့ သူတွေပါပဲ။

( Jack )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ