အမျိုးသမီးတွေ မျက်နှာ နီရဲ လာခြင်း အကြောင်းအရင်း




အမျိုးသမီးတွေ အနေနဲ့ မျက်နှာ နီ လာတာကို စိတ်ပျက်နေစရာ မလိုပါဘူး ၊ အဲဒီလို နှင်းဆီရောင်လွှမ်းနေတဲ့ မျက်နှာတွေဟာ အမျိုးသားတွေကို ပိုပြီး ဆွဲဆောင်နိုင်တယ်ဆိုတာကို လေ့လာမှု အသစ်တစ်ခုက ပြသလိုက်ပါတယ်။

အမျိုးသမီးတွေရဲ့  သန္ဓေအောင်ခြင်းကို ဖြစ်ပေါ်စေတဲ့ Oestradiol ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ အမြင့်ဆုံး အဆင့်ကို ရောက်နေတဲ့အခါမျိုးမှာ  သူမတို့ရဲ့ မျက်နှာ အသားအရေဟာ ပိုပြီး နီလာ တတ်ပါတယ်။ အဲဒီလို ဖြစ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အရေပြားရဲ့ သွေးကြော တွေ ပိုမိုကြီးမားလာစေတာပါပဲ။

အရင်တစ်ခေါက် လေ့လာတွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ သန္ဓေအောင် လိုချိန်တွေနဲ့ လစဉ် ဓမ္မတာ ချိန်တွေမှာ အနီရောင် (သို့) ပန်းရောင် တွေကို ၀တ်ဆင်ရတာ နှစ်သက်ကြတယ်လို့ သိရပါတယ်။

အဲဒီလို အနီရောင် ရှိတဲ့ အရာတွေဟာ ဥရောပ လူဖြူ အမျိုးသမီးတွေနဲ့ အာဖရိက လူမည်း အမျိုးသမီးတွေ ကို ကျန်းမာတဲ့ မျက်နှာ အနေအထား မျိုးဖြစ်ပေါ်စေတယ်လို့ သုတေသန အရသိရပါတယ်။

"Oestradiol နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာ နီရဲလာမှုတို့ဟာ တိုက်ရိုက် ချိတ်ဆက်မှုတွေရှိနေပါတယ်။ Oestradiol ဟာ သွေးလည်ပတ်မှုကိုတွေ များလာစေပြီး သွေးကြောတွေကို အရေပြားနဲ့ ပိုမို နီးသွားစေတဲ့အတွက် မျက်နှာ နီ လာတာပဲ ဖြစ်တယ် " လို့ Glasgow တက္ကသိုလ်က ပရော်ဖက်ဆာ Benedict Jones က ဆိုပါတယ်။

Oestradiol ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာဟော်မုန်း တစ်မျိုးဖြစ်ပြီး ရင့်ကျက်မှုကို စတင်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းလည်း ဖြစ်သလို ၊ အမျိုးသမီးတွေရဲ့ မျိုးပွားခြင်း ဓမ္မတာ ကို ပုံမှန်လည်ပတ်စေတဲ့ ဟော်မုန်းလည်းဖြစ်ပါတယ်။

ထို လေ့လာမှုကိုတော့ အသက် ၂၁ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီး ၁၁၆ ယောက်ကို ရက်သတ္တပတ် ၅ခုစာ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို Volunteers အမျိုးသမီးတွေရဲ့ မျက်နှာကို နောင်ရောင်ခြည်ခံ ခရင်မ် ၊ လိုးရှင်း ၊ အခြား ဆေးဝါး ဘာတစ်ခုမှ မသုံးစွဲခိုင်းပဲ သူတို့ရဲ့ မျက်နှာ အနေအထားတွေကို အချိန် အလိုက် လေ့လာခဲ့ရာမှာ Oestradiol နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာ နီရဲလာမှုတို့ဟာ တိုက်ရိုက် ချိတ်ဆက်မှုတွေရှိနေတယ်ဆိုတာကို သိခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ