အရေပြားကင်ဆာရောဂါနဲ့ ပန်းသေပန်းညှိုးရောဂါကိုကုတဲ့ဆေး ဆက်နွှယ်နေကြောင်း တွေ့ရှိ


 ပန်းသေပန်းညှိုးခြင်းကို ကုသတဲ့ Viagra ပါဝင်တဲ့ ဆေးအမျိုး အစားဟာ Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ခြေ ကို အနည်းငယ်မြင့်မားစေကြောင်း ဇွန် ၂၃ ရက်မှာဖော်ပြတဲ့ လေ့လာ ချက်တစ်ရပ်အရ သိရတယ်။

အမေရိကန် ဆေးပညာအဖွဲ့ရဲ့ ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာ ချက်မှာ အဆိုပါဆေးတွေဟာ အရေ ပြားရောဂါကင်ဆာနဲ့ ဆက်နွှယ်နေ ကြောင်း ဖော်ပြခဲ့တယ်။ ၎င်းင်းတို့ရဲ့ တွေ့ရှိချက်တွေဟာ PDE5 ဆိုတဲ့ ဆေးအမျိုးအစားကို လေ့လာခြင်း အပေါ် အခြေခံထားတယ်လို့ ဆို တယ်။

ယင်း ဆေးအမျိုးအစားမှာViagra, Levitra, Cialis နဲ့ အခြား ကုန်သွယ်အမည်တွေနဲ့ ရောင်းချတှဲ့Sildenafil,Vardenafil  နဲ့ Tada-lafi ဆေးတွေ ပါဝင်တယ်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း မှတ်တမ်းတင်ခဲ့တဲ့ ဆွီဒင် နိုင်ငံမှ ဆေးမှတ်တမ်းတွေကို အသုံး ပြုလျက် သုတေသနပညာရှင်တွေဟာ အရေပြားကင်ဆာရောဂါဖြစ်ပွားသူ ၄၀၀၀ လောက်ကို လေ့လာခဲ့တယ်။ ယင်းလူနာတွေထဲမှာ ၁၁ ရာခိုင်နှုန်း ဟာ ပန်းသေပန်းညှိုးရောဂါကို ကုသ ဖို့အတွက် PDE5 ဆေးဝါးကို တစ် ကြိမ်ထက်မနည်း အသုံးပြုခဲ့သူတွေ ဖြစ်ကြောင်း သိရတယ်။

ယင်းလူနာတွေကို အရေပြား ကင်ဆာရောဂါ ကင်းစင်တဲ့ မှတ်တမ်း တစ်ခုတည်းအတွင်းရှိ လူတွေနဲ့ နှိုင်း ယှဉ်ကြည့်ခဲ့တယ်။ အဲဒီလိုနှိုင်းယှဉ်ရာ မှာ အသက်အရွယ်ခြင်း တူညီမှုကို တိုက်ဆိုင် စစ်ဆေးခဲ့တယ်။
အဲဒီလိုစစ်ဆေးရာမှာ ပန်းသေ ပန်းညှိုးကုသတဲ့ ဆေးတွေကို သောက်သုံးခဲ့တဲ့ အမျိုးသားတွေဟာ အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ၂၁ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရတယ်။

ညွန့်လွင်(စက်မှုတက္ကသိုလ်)
Ref ; AFP
Health Updates Journal No. 177
http://www.healthupdatesjournal.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ