တစ်ညလုံး အိပ်ရေးပျက်ပြီး နောက်တစ်နေ့ကို ဘယ်လို ဖြတ်သန်းမလဲ




တစ်ညလုံး မအိပ်ရသေးပဲ နောက်တစ်နေ့မနက် ကို ဖြတ်သန်းရတာဟာ တော်တော် လေးခက်ခဲပါတယ်။ အဲဒီအချိန် သင် အိပ်ရာထဲက ထထွက်လာပြီးတာနဲ့ သင် အလိုချင်ဆုံး အရာက ကျောချ လဲလျောင်းဖို့ပဲ ဖြစ်မှာပါ။

ဒါပေမယ့် သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ သင့်ကို အနားယူစရာ မလိုပဲ အိပ်ရေားပျက်ပြီး နောက်တစ်နေ့ကို ဖြတ်ကျော်နိုင်ဖို့ ရိုးရှင်းတဲ့အချက်လေးတွေ ရှိနေပါတယ်တဲ့။

နယူးယော့ခ် မဂ္ဂဇင်းရဲ့ ကျန်းမာရေး နဲ့ သိပ္ပံ ပညာ ကဏ္ဍ မှာ ဖော်ပြထားတာကတော့ အိပ်ရေးပျက်ပြီး နောက်တစ်နေ့ကို ဖြတ်သန်းနိုင်ဖို့အတွက် လုပ်ရမယ့် အချက် အချို့ နဲ့ ရှောင်ကြဉ်ရမယ့် အချက် အချို့ကို ဖော်ပြထားတာဖြစ်ပြီး အချို့အချက်အလက်တွေကတော့ သင့်ကို အံ့အားသင့်သွားစေမှာပါ။

ထို အချက်တွေကတော့ သင်အိပ်ရာထဲက ထွက်ထွက်လာချင်း တစ်နာရီ အတွင်း မနက်စာ စားပါ။ စားတဲ့အခါမှာ ရှောင်ရှားရမှာတွေကတော့ သကြား များပြီး ကောက်နှံပင်တို့က ရတဲ့အစားအစာ တွေကို ရှောင်ကြဉ်ပါ။ စားသောက်ရမယ့် အစားအစာတွေကတော့ ကြက်ဥ နဲ့ အာဟာရ ရှိစေမယ့် စပါးထွက် အစားအစာတွေပဲ ဖြစ်ပါတယ်။

သကြားတွေနဲ့ Glycemic ပါဝင်မှု များတဲ့အစားအစာ တွေဟာ အားအင်တွေကို ထပ်မံကုန်ဆုံးစေတယ်လို့ ဆရာဝန်တစ်ဦးက ဆိုထားပါတယ်။ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Fat တွေပါဝင်တဲ့အစားအစာ တွေက သာ အကောင်းဆုံး ဖြစ်တယ်လို့လည်း လမ်းညွှန်ထားပါတယ်။

ကော်ဖီ သောက်တတ်သူတွေအတွက်တော့ တစ်နေ့ကို ၄၀၀ မီလီဂရမ်ခန့်ကို အမြန်သောက်သုံးသင့်ပြီး အိပ်ရာ နိုးနိုးချင်း မိနစ် ၃၀ အတွင်းမှာတော့ ကော်ဖီ သောက်ခြင်းကို ရှောင်ကြဉ်ရမယ်လို့ ဆိုထားပါတယ်။ ကော်ဖီ ဟာ အိပ်ရေးပျက်ထားသူရဲ့ နေ့လည်ပိုင်းတွေကို ပိုမို အထောက်အကူဖြစ်စေနိုင်တဲ့အတွက် အတတ်နိုင်ဆုံး ကော်ဖီကို နောက်ကျမှ သောက်တာက ပိုသင့်တော်တယ်လို့ ဆိုထားပါတယ်။

နောက်ဆုံး လိုက်နာရမယ့် တစ်ခုကတော့ နည်းနည်းခက်ခဲပါလိမ့်မယ်။ တစ်ညလုံး အိပ်ရေးပျက်ထားသူတွေရဲ့ အဓိက အားနည်းချက်ဟာ မျက်လုံးပါ။ ဒါကြောင့် တစ်ညလုံး အိပ်ရေးပျက်ထားသူတွေဟာ နောက်တစ်နေ့မှာ နေပူထဲမထွက်ကြပါဘူး။ ထွက်ရင်လည်း နေကာ မျက်မှန်တွေတပ်ထားလေ့ရှိကြပါတယ်။ ဒါဟာ မှားယွင်းနေပါတယ်။ နေပူထဲထွက်တဲ့အခါမှာ မျက်လုံးကို နေရောင်မထိတွေ့ရအောင် ကာဆီးထားခြင်းဟာ သင့်ကို စွမ်းအင်ပိုမိုကုန်ဆုံးစေနိုင်ပါတယ်။

အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် သင်တို့ရဲ့ တစ်ညလုံးအိပ်ရေးပျက်ထားတဲ့နောက်တစ်နေ့ မနက်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကြမှာပါ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ