ကလေးနှစ်ယောက်အမေ၊ အဖော်အချွတ်မော်ဒယ်ဟောင်း Tracy Kiss က ဒီ ဈေးမကြီးတဲ့အလှကုန်ပစ္စည်း ကို အသုံးပြုခြင်းကြောင့် သူမရဲ့အသားအရေဟာ လှပပြီး နူးညံ့နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။
အလှအပရေးရာအကြံပေးဘလော့ဂါလည်းဖြစ်တဲ့ Tracy Kiss ဟာ ဆိုရှယ်မီဒီယာမှာ follower ပေါင်း တစ်သိန်းခွဲကျော်ရှိပြီး မျက်နှာကို သုတ်ရည်လိမ်းပြီး အသားအရေထိန်းသိမ်းတဲ့ သူမရဲ့နည်းလမ်းကို မျှဝေပေးနေတာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ဒယ်ဟာ တခြားသူတွေလည်း ဒီနည်းလမ်းကို ကျင့်သုံးဖို့ အတွက် တိုက်တွန်းထားပြီး သူမရဲ့ဘလော့ဂ်မှာလည်း သုတ်ရည်ရဲ့အကျိုးကျေးဇူးတွေနဲ့ ဘယ်လိုလိမ်းပေးရမလဲဆိုတာ ကို ပြသပေးထားတဲ့ဗီဒီယိုကိုလည်း တင်ပေးထားပါတယ်။
တစ်နေ့ တာလိမ်းဖို့ လိုအပ်တဲ့ သုတ်ရည်ပမာဏကို သူမရဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်က သန့် ရှင်းတဲ့ ဘူးတစ်ဘူးထဲထည့်ကာ ပို့ ပေးတာဖြစ်တယ်လို့ သူမက ရှင်းပြထားပါတယ်။
“ လူတော်တော်များများက သူတို့ မျက်နှာပေါ်မှာ သုတ်ရည်လိမ်းဖို့ အတွက် တော်တော်စနိုးစနောင့် ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝစစ်စစ်အရာတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့ လည်း ကိုက်ညီတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်” လို့ Tracy က ဆိုပါတယ်။
မျက်နှာတစ်ခုလုံးနှံ့ အောင်လို့ စက်ဝန်းပုံစံ ပွတ်လိမ်းပေးသင့်ပြီး ရေနဲ့ မဆေးကြောခင်မှာ ငါးမိနစ်ကနေ မိနစ် နှစ်ဆယ်အတွင်း မျက်နှာပေါ် ထားပေးသင့်ပါတယ်လို့ သူမက နည်းပေးထားပါတယ်။
ဒီနည်းလမ်းကြောင့် သူမ မွေးကတည်းက ခံစားနေရတဲ့ Rosacea ခေါ် မျက်နှာအရေပြားနီမြန်းကာ၊ အကွက်အပျောက်တွေဖြစ်ပေါ်တဲ့ရောဂါ ပျောက်ကင်းခဲ့ရပြီဖြစ်တယ်လို့ Tracy က ပြောပါတယ်။
နာမည်အရင်း Miss Kiss လို့ ခေါ်တဲ့ သူမဟာ စိန်ခေါ်မှုပေါင်းအများအပြားကို ယှဉ်ပြိုင်ကာ လူမှုအဖွဲ့ အစည်းတွေအတွက် ရန်ပုံငွေရှာဖွေပေးနေသူ တစ်ယောက်ဖြစ်ပြီး ငွေကြေးလှူဒါန်းသူတွေကို သူမရဲ့ အထက်ပိုင်းဗလာနဲ့ ဓာတ်ပုံတစ်ပုံ အလကားပေးနေပါတယ်။ မကြာသေးခင်ကလည်း အပြာဝတ္တုတစ်ပုဒ် ထုတ်ဝေထားသူလည်း ဖြစ်ကာ သူမရဲ့ website ၊ Instagram နဲ့ Twitter တို့ ကနေ ကျန်းမာရေးနဲ့ အလှအပ အကြံပေးချက်တွေ ပေးနေသူတစ်ဦး ဖြစ်ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: Mirror