ပဲပိစပ် (Soybean) ၏ ကောင်းကျိုးများ
ပဲပိစပ်တွင် ပရိုတင်းဓာတ်များ စွာပါဝင်သောကြောင့် ကိုယ်ခံအား စနစ်ကို ကောင်းစေသည်။ အသား တွင် ပါဝင်သောပရိုတင်းထက်သာ သည်မှာ ၄င်းတွင်ပါဝင်သော ပရို တင်း၌ Cholesterol ပါဝင်မှုမရှိ သော အချက်ပင်ဖြစ်သည်။
ပဲပိစပ်တွင် ပါဝင်သော Phytosterols ၌ ပါဝင်သည့် Lecithin ကြောင့် ဥာဏ်ရည်ဥာဏ်သွေး မှတ် ဥာဏ်ကို ကောင်းစေသည့်အပြင် အယ်ဇိုင်းမားရောဂါကိုလည်း ကာ ကွယ်ပေးသည်။၎င်း တွင် Wednesday, July 31, 2013 ပါဝင်သော Lecithin သည် အဆီ၌ ပျော်ဝင်သော Vitamin များကို စုပ်ယူရန် အားပေး သည်။ တစ်ရှူးနှင့်ကိုယ်တွင်း organ များကို ခွန်အားဖြစ်စေသည်။
မကောင်းသော cholesterol ကို ကျစေသည့်အတွက် နှ လုံးသွေးကြောရောဂါကို ကာကွယ် ပေးသည်။ ကောင်းသောအဆီကိုမူ မကျစေပါ။၎င်းတွင်ပါဝင်သော Plant oestrogen အမျိုးအ စားဖြစ်သော Soy isoflavone ကြောင့် အရွယ် တင် နုပျိုစေသည့်အပြင် သွေးဆုံးချိန် ၌လည်း သွေးဆုံးခြင်း လက္ခဏာများ ကိုလျော့စေသည်။
၎င်းတွင်ပါဝင်သော Protease မှ ပရိုတင်းများကို ပြိုကွဲစေသောအင် ဇိုင်းများကို တားပေးသဖြင့် ရင်သား ကင်ဆာကို သိသိသာသာ ကာကွယ် ပေးသည်။
၎င်း၌ Anti-oxidant ဖြစ် သော Saponin ပါဝင်သဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားမြစ်ပေးသည်။ပဲပုပ်တွင် အခြားအစားအစာ များ ထက် Iron နှင့် Zinc များစွာပါဝင် သောကြောင့် အသက်ကြီးသူများ၏ နားလေးခြင်းကို ကာကွယ်ပေးသည်။
ပဲပုပ် 100mg စားလျှင် Potassium 1500 mgm ရရှိသဖြင့် ပဲပုပ် ကို လုံလောက်စွာစားသုံးပါက သွေး ပေါင်ကို ကျစေပါသည်။
ကံ့ကော်
Source: Lookchem
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin