HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး


ပုလဲမြို့ ပါရမီရပ်ကပါ။ သားအိမ်ခေါင်းကင်ဆာအတွက်အကြံပေးပါအုံးဆရာ။

မေးတဲ့သူ အသက်-ကျား-မ-အိမ်ထောင်ရေး မသိပါ။ ကျွန်တော့်ရပ်ကွက်မှာနတယ်ဆိုလို့ မျက်နှာလိုက်ပြီး ဖြေလိုက်ပါတယ်။

သားအိမ်အဝကင်ဆာဟာ ကြွက်နို့နဲ့ဆိုင်တယ်။ Human papilloma virus (HPV) ဗိုင်းရပ်စ်လို့ခေါ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ အမျိုးအစားကသာ သားအိမ်အဝကင်ဆာဖြစ်စေတယ်။ သားအိမ်ဝနဲ့ မိန်းမကိုယ်မှာ ကင်ဆာမဖြစ်ခင် အပြောင်းအလဲတွေကနေ သားအိမ်ဝကင်ဆာဆက်ဖြစ်လာစေနိုင်တယ်။

မျိုးပွါးနိုင်တဲ့ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။ လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ ကူးစက်တယ်။ အတော်များများမှာ ပိုးရှိနေမှန်း မသိကြဘူး။ သူ့ဖါသူလည်းပျောက်သွားနိုင်တယ်။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ အမျိုးအစားပေါင်း ၄ဝ လောက် ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ တချို့အမျိုးအစားတွေကနေ မိန်းမသားအိမ်အဝ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ ယောက်ျားအင်္ဂါ၊ အာခေါင်နေရာတွေမှာ ကင်ဆာဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေကသာ ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ဖြစ်စေနိုင်တယ်။ သားအိမ်အဝကင်ဆာ ကာကွယ်ဆေးဟာ လိင်လမ်းကြွက်နို့ကို ကာကွယ်တာ ဖြစ်တယ်။

သားအိမ်အဝကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ Cervarix ကို Bivalent vaccine နှစ်မျိုးပြီးလို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လေးမျိုးပြီးလို့ ခေါ်တယ်။ Gardasil ကာကွယ်ဆေးဟာ ယောက်ျားလေး-မိန်းကလေးတွေအတွက် HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးတည်းသောဆေး ဖြစ်တယ်။

Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေအတွက်ဆေးဖြစ်တယ်။ မိန်းကလေး ၁ဝ နှစ်ကနေ ၂၆ နှစ်အရွယ်တွေကိုထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။ HPV types 16 နဲ့ 18 ဗိုင်းရပ်စ် အမျိုးအစားကို ကာကွယ်ပေးမယ်။ ဒီ ၂ မျိုးကနေ ၇ဝ% သော သားအိမ်အဝကင်ဆာကို ဖြစ်စေနိုင်တယ်။ တခြားကင်ဆာဖြစ်စေနိုင်တဲ့ HPV types 31, 33 နဲ့ 45 တွေကိုလဲ ကာကွယ်မှုပေးတာကို တွေ့ရသေးပါတယ်။

Gardasil ကာကွယ်ဆေးကို မိန်းကလေးတွေကိုသာမကပါ ယောက်ျားလေး ၉-၂၆ နှစ်ကိုထိုးတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်တွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။ အဲဒီနည်းအတိုင်း ဆေးထိုးဘို့အဆင်မပြေရင် ပဌမဆေးပြီးနောက် ၂ လခွဲမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၅ လ နဲ့ တနှစ်အတွင်းမှာ ထိုးနိုင်တယ်။ HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်း ထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့တာပါ။ Gardasil ကာကွယ်ဆေးဟာ လိင်လမ်း ကြွက်နို့အပြင် စအိုကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။

0.5 mL ကို IM အသားဆေးထိုးရတယ်။ (၃) ခါထိုးရမယ်။ ဒုတိယဆေးကို ပဌမဆေးနောက် ၁-၂ လအကွာမှာ ထိုးတယ်။ တတိယဆေးကို ပဌမေးထိုးပြီးနောက် ၆ လအကြာမှာထိုးတယ်။ ဝ-၁-၆ ပုံသေနည်းသုံးတယ်။ ပဌမဆေးထိုးပြီး နောက် ၁ လမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၆ လအပြည့်မှာ ထိုးရမယ်။ ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်းလည်း ထိုးပါတယ်။ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ပဌမတခါပြီးနောက် ၆ လမှာ တတိယဆေးထိုးပါ။ ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။

ကာကွယ်ဆေးမထိုးခင်က HPV ပို တမျိုး ဒါမှမဟုတ် တမျိုးမကနဲ့ ထိတွေ့ဘူးပြီးဖြစ်နေရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု နည်းနိုင်တယ်။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသားရောဂါကိုတော့ မကာကွယ်နိုင်ပါ။ ဆေး ၃ လုံး ထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။ ကာကွယ်ဆေးမထိုးခင် အပျိုလား၊ အပျိုမဟုတ်တော့ဘူးလား မေးမနေပါ။ သားအိမ်အဝကင်ဆာ ရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။ ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေးမထိုးသေးပဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေကမပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။ အစကနေပြန်ထိုးဖို့မလိုပါ။

ကင်ဆာဆေး၊ စတီရွိုက်ဆေး (များရင်) နဲ့ ခုခံအားကျဆေးတွေသုံးနေချိန်မှာ ထိရောက်မှုနည်းမယ်။ တခြားကာကွယ်ဆေးတွေ Diphtheria, Tetanus, Pertussis and Polio vaccines နဲ့ တရက်ထဲ ထိုးလို့ ရပါတယ်။ ဆေးထိုးတဲ့နေရာတော့ အတူမဖြစ်ရပါ။ ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင်လုပ်မပေးနိုင်ပါ။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသား ရောဂါကိုတော့ မကာကွယ်နိုင်ပါ။

ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်။ ခေါင်းကိုက်၊ ကြွက်သားနာ၊ အားယုတ်နိုင်တယ်။ သက်ရှိဗိုင်းရပ်စ်ကိုသုံးထားတာ မဟုတ်လို့ HPV ပိုးဝင်တာအတွက် စိတ်ချရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ