ခန္ဓာကိုယ်မှာ သာမာန် ကူစက်ရောဂါတစ်ခု ဖြစ်ပွားရုံနဲ့တင် ဦးနှောက်ကိုသာ ထိခိုင်နိုင်ပြီး ဥာဏ်ရည်ဥာဏ်သွေး (IQ) ပါ နိမ့်ပါးသွားစေနိုင်တယ်လို့ သုတေသန အသစ်တစ်ခုက အခိုင်အမာဆိုလိုက်ပါတယ်။
သုတေသီတွေရဲ့ အဆိုအရတော့ ထို ဆက်စပ်မှုဟာ တစ်ကယ်မှန်ကန်ပြီး ၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများလေလေ ဦးနှောက်ရဲ့ စွမ်းရည်ကို ထိခိုက်မှု ကြီးလေလေပဲ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ထို ထိခိုက်မှုဟာ နှစ်များစွာ ကြာရှည်နိုင်တယ်ဆိုတာကိုလည်း သုတေသီ တွေက သတိပေးထားကြပါတယ်။
ခန္ဓာကိုယ်မှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေဆိုတာဟာလည်း အစာအိမ် ၊ ဆီးလမ်းကြောင်း နဲ့ အရေပြား စတဲ့ ကူးစက်ရောဂါ တွေကိုပါ ဆိုလိုတာဖြစ်ပါတယ်။ ထို ကူးစက်ရောဂါတွေဟာ ဦးနှောက် ကို ထိခိုက်မှု အပြင်းဆုံး ဖြစ်ပေါ်စေမယ့် ရောဂါတွေဆိုလည်း ဟုတ်ပါတယ်။
ကူးစက်ရောဂါ ကြောင့်ဆေးရုံတက်ခဲ့ရတဲ့ လူတွေဟာ ပျမ်းမျှ ဥာဏ်ရည်ဥာဏ်သွေးထက် ၁.၇၆ ခန့် နိမ့်ပါးသွားတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ ကူးစက်ရောဂါကြောင့်ချည်းပဲ ဆေးရုံ ၅ ကြိမ် အထက်တက်ခဲ့ရသူတွေကတော့ ပျမ်းမျှထက် ဥာဏ်ရည်ဥာဏ်သွေး ၉.၄၄ လျော့နည်းသွားတာကိုတွေ့ရမှာပါ။
လူတစ်ယောက်ရဲ့ ပျမ်းမျှ ဥာဏ်ရည်ဥာဏ်သွေး ဟာ ၁၁၅ ထက်မများပါဘူး။
ထို လေ့လာမှုနဲ့ ပတ်သက်ပြီး Copenhagen တက္ကသိုလ်က Dr Michael Eriksen Benros က " ကူးစက်ရောဂါတွေဟာ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အကြောင်းအရင်းကတော့ ခုခံအား စနစ်ကြောင့်ပါ။ ကူးစက်ရောဂါတွေဟာ ခုခံအား စနစ်တွေကို တိုက်ဖျက်ပစ်လိုက်ပါတယ်။ ဦးနှောက်ကို ခုခံအား စနစ်က ကာကွယ်ပေးထားတာဖြစ်ပြီး ကူးစက်ရောဂါတွေဟာ ခုခံအားစနစ်ကို တိုက်ဖျက်ပစ်လိုက်တဲ့အတွက် ဦးနှောက် ကို ထိခိုက်စေနိုင်တာဖြစ်ပြီး ခုခံအား စနစ် ထိခိုက်တာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ အလိုလျောက်ဖြစ်ပေါ်လာတာပါ " လို့ လေ့လာမှုရဲ့ အကျိုးအကြောင်းကိုရှင်းပြခဲ့ပါတယ်။
ထိုလေ့လာမှုဟာ ၁၉၇၄ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်ကြားမှာ မွေးဖွားခဲ့တဲ့ လူ အယောက် ၁၉၀,၀၀၀ ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေကို ၂၀၀၆ နဲ့ ၂၀၁၂ တို့မှာ ၂ ကြိမ် စစ်ဆေးကြည့်ခဲ့ပါတယ်။ ထိုလူတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ ဥာဏ်ရည်ဥာဏ်သွေး မစစ်ဆေးခင်တွေမှာ ကူးစက်ရောဂါကြောင့်ဆေးရုံတက်ခဲ့ရဖူးပါတယ်။ ထို ကူးစက်ရောဂါကြောင့်ဆေးရုံ တက်ခဲ့ရတဲ့ လူတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ သာမန် လူတွေရဲ့ ပျမ်းမျှ ဥာဏ်ရည်ဥာဏ်သွေးထက် နိမ့်ပါးနေတာကိုတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
( Mario )
Ref : Dailymail