အမျိုးသား သန္ဓေတားဆေးရရှိတော့မှာလား၊


ဟော်မုန်း သန္ဓေတားဆေးကို အမျိုးသမီးသုံးအဖြစ်ပဲ ရရှိနေသေး ပြီး အမျိုးသားများအတွက်ပါ ထုတ် လုပ်ဖို့ သိပ္ပံပညာရှင်များက ထုတ် လုပ်ဖို့ စိုင်းပြင်းနေကြတာ နှစ်နဲ့ချီ နေပါပြီ။ တက်စဆို စတီရုန်း ဟော် မုန်းကို သန္ဓေတားဆေးအဖြစ် အသုံးပြုနိုင်ခြင်းရှိမရှိ လေ့လာခဲ့ကြ ရာမှာလည်း ၂၀% အထိ အလုပ် မဖြစ် သလို ဘေးထွက်ဆိုးကျိုးတွေက လည်း များပြားတယ်လို့ သုတေသန တွဲဖက်စာတမ်းရှင် ဂျီလီယန်ကိုင်ဇာ က ပြောကြားခဲ့ပါတယ်။ အခြား သော ဓာတုဒြပ်ပေါင်းတွေကိုလည်း ဆက်လက်လေ့လာနေကြဆဲ ရှိနေပါ သေးတယ်။ လက်တွေ့မှာ အသုံးပြု အတွက် အဲဒီအမျိုးသား သန္ဓေတား ဆေးများက သောက်ဆေး အဖြစ်သုံး ဖို့ဆိုရင် ပျော်ဝင်နိုင်မှု ရှိရမှာပါ။ အမျိုးသား လိင် စွမ်းဆောင်ရည်ပိုင်း ကိုလည်း ထိခိုက်မှု မရှိရမယ့် အပြင် အချိန်ကလာ ကြာရှည်စွာ အသုံးပြု နိုင်ဖို့လည်း ရရှိမှာဖြစ်ပါတယ် ။ ဆေးသောက်ပြီး ရင် ဆေးစွမ်းပြချိန် ကလည်း အချိန်အများကြီး မယူဖို့ လည်းလိုအပ်ပြီး ကလေးလိုချင်တဲ့ အချိန် မှာဆေးကိုရပ်ကာ ကလေး ချက်ချင်းရနိုင်ဖို့ကလည်း အရေးကြီး ပါတယ်။ မင်နက်ဆိုတာ ဆေးဝါး တက္ကသိုလ်မှ သုတေသနခေါင်းဆောင် ဂျော့ခ်ျနှင့်လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင် များမှာ လက်ရှိဆေးဝါး ကုမ္ပဏီတွေ သုတေသနပြုလုပ်နေတဲ့ စမ်းသပ်ဆဲ ဓာတုဒြပ်ပေါင်းတွေထဲ မှာRetinoic Acid Receptor-_ (RAR_ α) နှင့် အခြားသောRetinoic Acid Receptor ၂ မျိုး တို့ အားလုံးနှင့် သက်ဆိုင်နေသော ဒြပ်ပေါင်း ၁ ခု အကြောင်းကို အဓိက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ယင်း ဒြပ်ပေါင်းRAR _ α မျိုး တည်းကိုသာ သက် ရောက်ပြီး မျိုးပွားခြင်းကို ပိတ်ပင်ရုံ သာမက အခြား Receptors =များ အပေါ် သက်ရောက်မှုရှိတဲ့ အတွက် ဘေးထွက်ဆိုးကျိုးတွေ့ရှိနိုင်ပါတယ်။ အဆိုပါဒြပ်ပေါင်းတွေရဲ့ ဖွဲ့စည်းတည် ဆောက်ပုံတွေ ကို ပြောင်းလဲခြင်းက ဆေး အဖြစ် အသုံး တည့်လာခြင်းကို ဖြစ်လာစေနိုင်တယ်ဆိုတာကို တွေ့ရှိ ခဲ့ခြင်းဖြစ်ပါတယ်။ ဂျော့ခ်ျမှ ယုံ ကြည်စိတ်ချရတဲ့ သန္ဓေတားဆေး အမျိုးအစား အသစ် ၁ ခုကို စုံတွဲ တွေအတွက် ပေးစွမ်းနိုင်ခဲ့ရင် အံ့အားသင့်ဖွယ်ရာ ဖြစ်လာနိုင်မှာ ပါ လို့ ပြောကြားခဲ့ပါတယ်။

Dr. A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ