နှလုံးတွင်း သေးငယ်သောချို့ ယွင်းမှုများကလည်း ပညာရေးလုပ်ဆောင်ချက်အပေါ်ဆိုးကျိုးသက်ရောက်


မွေးရာပါနှလုံးလားနည်းသည့်ကလေးငယ်များတွင် နှလုံးချို့ ယွင်းမှုသည် သေးငယ်လှသည်ဖြစ်စေ အခြား သော ကျန်းမာရေးပြဿနာများနှင့်အတူ ကျောင်းပညာသင်ယူရာတွင်လည်း အခြားကလေးများနှင့် တန်းတူမဖြစ်ဘဲ အားနည်းချက်များရှိနေတတ်ကြောင်း အမေရိကန်ပြည်ထောင်စု Emory University မှ သုတေသီများက ပြောသည်။ နှလုံးအားနည်းတာနဲ့  အခြားသောချို ယွင်းမှုတွေပါလာတဲ့ကလေးတွေဟာ စာအဖတ်နဲ့  သင်္ချာအတွက် တွေမှာ အခြားကလေးတွေထက် သိသိသာသာ အားနည်းတာ ကိုတွေ့  ရပါတယ် ။ ပြင်းထန်တဲ့နှလုံးရောဂါ ကို ခံစားနေရတဲ့ကလေးတစ်ယောက်မှာ ဒီလိုအားနည်းချက်တွေရှိတာ မထူးဆန်းပေမယ့် အခုကျွန်တော် တို့ တွေ ရှိထားတာက သိမ်မွေ့ တဲ့၊သေးငယ်တဲ့ နှလုံးအားနည်းချက် ၊ပြစ်ချက် ရှိတယ်ဆိုရင်ကိုပဲ သင်ကြား မှု၊ သင်ယူမှု၊ တတ်မြောက်မှု၊ ပြန်လည်အသုံးချမှု ဆိုတဲ့ အဆင့်တွေ မှာ အားနည်းသွားတာကိုတွေ့ ရပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ မိဘနဲ့ ဆရာတို့ က ကလေးရဲ့ နှလုံးအားနည်းချက်ကြောင့် သင်ယူတတ်မြောက်မှု၊ ပြန်လည်အသုံးချမှု တွေမှာ အားနည်းချက်တွေ ရှိလာနိုင်တယ်ဆိုတာကို စောစီးစွာသတိထားမိဖို လိုအပ်ပါတယ်။

ဖိအားတွေ တအားပေးနေတဲ့မိဘတွေ၊ဆရာတွေကြောင့် ကလေးတွေအတွက်ပညာရေးဆိုတာ အလွန် ပူလောင်တဲ့ လောကတစ်ခုဖြစ်သွားနိုင်သလို ကျန်းမာရေးအားနည်းချက်ကြောင့် လိုက်မလုပ်နိုင်တာကို အပြစ်ဆိုပြီး ဒဏ်ပေးနေရင် တလွဲဆံပင်ကောင်းသွားနိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

အထူးသဖြင့် hypoplastic left heart syndrome ခေါ် နှလုံးသွေးလွှတ်ကြောနေရာလွဲခြင်းကဲ့သို့  နှလုံး ချို့ ယွင်းမှုများကို မွေးဖွားပြီးများမကြာမီတွင်ပင် ခွဲစိပ်ကုသပေးရလေ့ရှိကြောင်း၊ ၄င်းကလေးငယ်များ တွင် အာရုံစူးစိုက်နိုင်စွမ်း လျော့ကျသွားလေ့ရှိကြောင်း၊ နှလုံးခွဲစိပ်ကုသမှုခံယူထားရသောကလေးငယ်များကို စဉ်ဆက်မပြတ် အကုန်အကျများလှသော ကုထုံးအမျိုးမျိုးဖြင့် ဆက်လက်စောင့်ရှောက်ပေးရလေ့ရှိ ကြောင်း၊ ၄င်းကုထုံးမျိုးကို ကလေးတိုင်းအား ပြုလုပ်မပေးနိုင်သည့်အပြင် ကလေးတိုင်းသည်လည်း မလို အပ်ကြောင်း၊ မည်သို့ ပင်ဆိုစေ၊ နှလုံးတွင်အားနည်းချက်တစ်စုံတစ်ရာရှိသည်နှင့် သင်ယူတတ်မြောက် အသုံးချမှုပိုင်းတွင် အားနည်းချက်များရှိလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ကလေးတစ်ယောက်ကို စာတတ်အောင် သင်ကြားပေးရာမှာ မိဘနဲ ဆရာတွေဟာ စေတနာအမှားတွေကို ကျူးလွန်မိတတ်ကြပါတယ်။ အမှားက အမှားပါပဲ ။ ကလေးရဲ့ ကျန်းမာရေးအခြေအနေကို မိဘကလည်း ပြောပြဖို တာဝန်ရှိပြီး ဆရာ၊ ဆရာမများကလည်း ထည့်သွင်းစဉ်းစားဆင်ခြင်ဖို့  လိုအပ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ