နေလောင်ကာခရင်မ် ရွေးချယ်နည်းလမ်းညွှန်


နွေရောက်ပါပြီ။
နေရောင်ထဲမှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်တွေကို တိုက်ခိုက် ပါတော့တယ်။ ဒါကြောင့် တစ်နေ့တခြား သိသိသာသာ ပူနွေးလာတဲ့ကမ္ဘာကြီးအတွက် သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ထားဖို့လိုအပ်ပါတယ်။

UV rays ဆိုတာ

ခရမ်းလွန်ရောင်ခြည်လို့ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA နှင့် UVB ဆိုပြီး နှစ်မျိုးရှိပါတယ်။ (၁) UVA က 'အိုမင်းရင့်ရော်ခြင်း' ကိုဖြစ်စေတဲ့အပြင် အရေပြားအောက်ခြေရှိ Collagen ကို ပျက်စီးစေကာ အသားအရေအဖတ်လန် ခြင်း၊ ခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ အရေပြားအိုမင်းခြင်းကို ဖြစ်စေပါတယ်။ (၂) UVB 'နေလောင်ခြင်း' ကိုဖြစ် စေတာကြောင့်ဖြစ်နိုင်ရင် နံနက် ၁ဝ နာရီမှ ညနေ ၄နာရီအတွင်း နေပူဒဏ်မခံရင် အကောင်းဆုံးပါပဲ။ ခရမ်းလွန်ရောင်ခြည် ဒဏ်သက်သာစေဖို့နေပူထဲထွက်တဲ့အခါမှာ (က)ချည်သားအဝတ်အထည် ချောင်ချောင် ပွပွတွေကိုသာဝတ်ဆင်ပါ။ (ခ) အရောင် ဖျော့ဖျော့လေးတွေ ရွေးဝတ်ပါ။ (ဂ) ဦးထုပ်၊ထီးဆောင်းပါ။ (UV ကာကွယ် တဲ့ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါ တယ်) (ဃ) မျက်စိအမြင်အာရုံတစ်ခုလုံး ကို ဖုံးအုပ်ပေးနိုင်တဲ့ နေကာမျက်မှန်ကြီး ကြီးတပ်ပါ။ (င) နေပူခံခရင်မ်တွေ လိမ်း ပေးပါ။ (စ)ရော်ဘာဖိနပ်တွေမစီးပါနဲ့။

Sunscreen ဆိုတာ

Sunscreen ဆိုတာ နေလောင်ဒဏ် ကာကွယ်ပေးတဲ့ခရင်မ်တစ်မျိုးပါ။အကယ် ၍ Suncreen ကို ကြိုတင်လိမ်းထားတဲ့ အခါ ထိုခရင်မ်က ခရမ်းလွန်ရောင်ခြည် တွေအရေပြားထဲသို့ဝင်မလာအောင် ဆီး ကြိုစုပ်ယူပြီးတော့ ပြင်ပသို့ပြန်ကန်တိုက် ထုတ်ပေးတဲ့အတွက် အသားအရေပေါ် မလိုလားအပ်တဲ့အမည်းစက်ပြောက်တွေ၊ အရေပြားတွန့်ခြင်းတွေ ဖြစ်မလာစေတော့ ပါဘူး။ Sunscreen ကိုမိတ်ကပ်အောက်ခံ အဖြစ်သုံးနိုင်ပါတယ်။ သို့သော် အလှကုန် ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Sunscreen အများစုဟာ UVB ကိုကာကွယ်ဖို့အတွက် သာ အဓိကထား ထုတ်လုပ်လေ့ရှိတာ ကြောင့် ပစ္စည်းဝယ်တဲ့အခါ ဘူးခွံပေါ်မှာ PA+စာတန်းပါတဲ့အမျိုးအစားကို ရွေး ဝယ်ခြင်းဖြင့် UVA နှင့် UVB နှစ်မျိုးစလုံး ကို ကာကွယ်ပေးပါလိမ့်မယ်။

SPF နံပါတ်တွေဆိုတာ

UVB ကြောင့် အသားအရေပျက်စီး ခြင်းကိုကာကွယ်ပေးနိုင်တဲ့ နေလောင်ကာ ခရင်မ်၏စွမ်းဆောင်နိုင်မှုအဆင့်အတန်းကို Sun Protrction Factor (SPF) နံပါတ် တွေနဲ့စံညွှန်းထားသတ်မှတ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် SPF 50 ကို လိမ်းထားတဲ့ သူဟာ နေလောင်ခရင်မ်လုံးဝမလိမ်းတဲ့သူ ထက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အဆ ၅ဝ ကာကွယ်ရာရောက်တယ်လို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့်SPF ပမာဏများတဲ့ နေလောင်ကာ ခရင်မ်လိမ်းထားနိုင်လေ အသားအရေကိုပိုမိုကာကွယ်နိုင်လေပါပဲ။

UVA ပါဝင်မှုဆိုတာ

အလှကုန်ပစ္စည်းတွေအတွက် UVA ကို PA လို့နာမ်စားသုံးစွဲခေါ်ဝေါ်လေ့ရှိပါ တယ်။ UVA အကာအကွယ်ပါဝင်နှုန်း အနည်းအများပမာဏကိုတော့ ခရင်မ် ဘူးခွံတွေပေါ်မှာ PA+ (သို့) PA++ (သို့ ) PA+++စသည်ဖြင့် ဖော်ပြလေ့ ရှိပါတယ်။ ' + ' ပါဝင်မှုများလေ နေရောင်ခြည်ကြောင့် အသားအရေအိုမင်း မှုကိုပိုမိုကာကွယ်နိုင်လေပါပဲ။

နေလောင်ကာခရင်မ်ရွေးချယ်နည်း

နေလောင်ကာခရင်မ်တွေကို အိမ်ပြင် သို့မထွက်မီ အနည်းဆုံး မိနစ် ၂ဝ ခန့် အလို ကြိုလိမ်းထားပေးရပါမယ်။

(က)မွေးရာပါအသားမည်းသူများအတွက်

အသားမည်းသူတွေမှာ သဘာဝတရား ကြီးရဲ့လက်ဆောင်အဖြစ် အသားအရောင် ဖျော့သူတွေထက် အသားအရေဖွဲ့စည်း ကြံ့ ခိုင်မှုသိပ်သည်းဆပိုရှိနေကြပါတယ်။ ဒါ ကြောင့် SPF 10PA+ (သို့) SPF 15 PA+ လောက်သာသုံးပေးနိုင်ပါတယ်။

(ခ) ရုံးတက်ကျောင်းတက်သူများအတွက်

များသောအားဖြင့်ရုံးတက်ကျောင်းတက် သူများဟာ နေပူထဲတစ်နေကုန်မထွက်ကြ ရပါဘူး။ ရုံးသွားကျောင်းပြန်အချိန်လောက် သာ နေပူထဲထွက်ရပြီး ကျန်တဲ့အချိန်တွေ မှာနေရိပ်ထဲ(သို့မဟုတ်)Air con အအေး ခန်းထဲ နေရသူတွေဖြစ်တာကြောင့် ခရမ်း လွန်ရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့်မခံရ၍ SPF 24 PA ++ (သို့) SPF 30 PA+ အမျိုး အစားခရင်မ်ကို နေ့စဉ်လိမ်းပေးရုံနဲ့ လုံ လောက်ပါပြီ။

(ဂ)နေ့စဉ်နေပူထဲမကြာခဏထွက်နေရ သူများအတွက်

ခရမ်းလွန်ရောင်ခြည်သင့်ခံရသူဖြစ်တာ ကြောင့်မျက်နှာအစခြေဖျားအဆုံးနေလောင် ကာခရမ်လိမ်းပေးထားသင့်ပါတယ်။ထိုသူ တွေအတွက် အသင့်တော်ဆုံးခရင်မ်များ မှာ SPF 30 PA++ (သို့) SPF 50 PA+++ တို့ဖြစ်ပါတယ်။

(ဃ)အလည်အပတ်ဈေးဝယ်ထွက်သူများ အတွက်

အလည်အပတ်ဈေးဝယ်ထွက်သူတွေ၊ ဘုရားသွားကျောင်းတက်သူတွေက နေရိပ် ထဲဝင်လိုက်၊ နေပူပူအောက်ရောက်လိုက် ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ရာနှုန်းပြည့်မခံရသော်ငြား နေ လောင်ဒဏ်ကြောင့် အသားအရေပျက်စီး နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ အိမ်ပြင် မထွက်မီကတည်း SPF 30 PA++ ကို ကြိုလိမ်းသွားပါ။

(င) အားကစားလိုက်စားသူများအတွက်

ဥပမာ-နေပူပူအောက်စက်ဘီးစီးသူ များ၊ တာဝေးအပြေးသမားများ၊ တောင် တက်သူများဟာ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝခံစားရတဲ့အပြင် ချွေးထွက် လွန်သူများဖြစ်တာကြောင့် မိမိအသား အရေကိုကောင်းစွာမစောင့်ရှောက်နိုင်ပါက အရေပြားပျက်စီးတတ်ပါတယ်။ကံမကောင်း သူများအတွက် အရေပြားကင်ဆာအထိ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေ လောင်ကာခရင်မ်ကို လိမ်းလေ့လိမ်းထမရှိ တဲ့ နားရွက်အနောက်ဘက်ကိုလည်း ချန် မထားသင့်ပါဘူး။ နေရောင်ခြည်နဲ့ ထိ တွေ့မှုအများဆုံးနေရာဖြစ်တဲ့ နှာခေါင်းနဲ့ လက်မောင်းအပေါ်ဘက်ပိုင်းတွေကိုခရင်မ် ပို၍လိမ်းပေးပါ။ အိမ်မှမထွက်မီ SPF 50 PA+++ ကို တစ်ကိုယ်လုံးလိမ်းပေးရုံသာ မက ခရင်မ်ဘူးကိုမိမိနှင့်အတူတစ်ပါတည်း ဆောင်ထားပြီး နေပူထဲထွက်ရှိမှုကြာချိန် ပေါ်မူတည်၍နှစ်နာရီသုံးနာရီခြားတစ်ကြိမ် ခရင်မ်ထပ်မံလိမ်းပေးပါ။ (လှေလှော်ရွက် တိုက်သူများ၊ ရေကူးသူများက Water proof sunscreen SPF50 PA+++ ကို ရွေးချယ်သုံးစွဲပါ)

(စ)အပန်းဖြေကမ်းခြေထွက်လည်သူများ အတွက်

နေလောင်ဒဏ်အပြင် ရေလောင်ဒဏ် ပါ ခံစားရတာကြောင့်ရေစိုခံနေရောင်ခြည် ကာခရင်မ်အမျိုးအစားဖြစ်တဲ့ (Water proof sunscreen) ကိုသာ ရွေးချယ်ပေး ပါ။ SPA 50 PA+++ ကိုသုံးပါ။ ထို့ထက် ပမာဏများတဲ့ နေလောင်ကာခရင်မ်ကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ (မဟာသင်္ကြန်ရေကစားသူများ ကျား/မ အားလုံးသုံးစွဲသင့်တဲ့ နေလောင်ကာအမျိုး အစားဖြစ်ပါတယ်)အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net/News/DetailView.aspx?id=14018&path=LifeStyle.aspx

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ