ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၂ မျိုး

၁) နို့နှင့် နို့ထွက်ပစ္စည်း

အဆီနည်းတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်စွမ်း ရှိပါတယ်။

ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ် တွေဟာ ဆံကေသာကို သန်စွမ်း ကျန်းမာ စေပါတယ်။

၂) ငါး

ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီများများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဆံပင်ကျွတ်နှုန်း နှေးစေ ပါတယ်။ ငါးမှာ သံဓာတ်နဲ့ ဗီတာမင် B12တို့ ပါဝင်တဲ့အတွက် ဆံကေသာနဲ့ အသားအရေကို လှပ ကျန်းမာ စေပါတယ်။ ဆံခြည်မျှင် အိတ်ထဲမှာ သံဓာတ်တွေကို သိုလှောင်ထားပြီး ဆံပင် ထိခိုက်မှု ဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာ ကြောင့်ပါ။

၃) အခွံချွတ် မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့် အစာ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ ဆံကေသာ အတွက် အရေးပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ်စုနဲ့ သံဓာတ်တို့ ပါဝင် နေပါတယ်။ သွပ်ဓာတ်ဟာ ဆံကေသာ ကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းတွေကို ဟန်ချက် ညီမျှစေပါတယ်။ စားတဲ့ အစားအသောက် ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်းမာ စေပါတယ်။

၎) အခွံမာသီး

သီဟိုဠ်စေ့၊ မြေပဲနဲ့ သစ်ကြားသီးတွေမှာ သွပ်(ဇင့်)ဓာတ်များစွာ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာနဲ့ ဆံပင် ကျဲပါးတာကို နှေးစေပါတယ်။ သစ်ကြားသီးထဲမှာ ဆီလီနီယမ် ဓာတ်လည်း ပါဝင်ပြီး အဲဒီဓာတ်ဟာ ဦးရေပြား ကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်ပါ။ ဒါ့အပြင် ဗောက်ထတာကိုလည်း လျော့ပါး စေပါတယ်။ နေ့စဉ် အခွံမာသီးကို လက်တစ်ဆုပ်စာ ပမာဏ စားပေး သင့်ပါတယ်။

၅) ပဲအမျိုးမျိုး

ပဲနီလေး အပါအဝင် ပဲအမျိုးမျိုးဟာ ဆံပင်သားအတွက် အရေးကြီးတဲ့ အာဟာရ ဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ သံဓာတ်၊ သွပ်(ဇင့်)ဓာတ် အများအပြား ပါဝင် ရုံသာမက ပရိုတင်း ဓာတ်လည်း များစွာ ပါဝင် နေတာကြောင့် ဆံကေသာ ကြီးထွား သန်စွမ်း စေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဗီတာမင်ဘီဖြစ်တဲ့ ဘိုင်အိုတင်လည်း ပါဝင်တာကြောင့် ဆံပင်ပြတ်ထွက် တာတွေ မဖြစ်စေဘဲ ဆံပင်သားကို သန်စွမ်း ကျန်းမာ စေပါတယ်။

၆) မုန်လာဥနီ

မျက်စိ ကျန်းမာရေးနဲ့ အမြင်အားကောင်း စေရေး အတွက် အရေးပါတဲ့ မုန်လာဥနီဟာ ဆံပင်သား ကိုလည်း ကျန်းမာ သန်စွမ်း စေပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့ မုန်လာဥနီဟာ ဆံပင်သားမှာ သဘာဝ အဆီရှိ စေပြီး ဦးရေပြားကို ကျန်းမာ စေတာကြောင့် ဆံကေသာကို သန်စွမ်း တောက်ပစေပါတယ်။

၇) ဥအမျိုးမျိုး

ဆံပင်သား တည်ဆောက်မှုမှာ ပရိုတင်းက အရေးပါတဲ့ အာဟာရ ဓာတ်ပါ။ ပရိုတင်းဓာတ်ကို အလုံအလောက် မစားဖြစ်ရင် ဆံကေသာကို ထိခိုက် စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲမှာ ဥအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာ တစ်ခွက်ကိုတော့ ထည့်သင့်ပါတယ်။ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင် B12 ပါဝင်တာကြောင့် ဆံပင်သားကို ကျန်းမာ စေပါတယ်။

၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်

ရောင်စုံ အစားအစာတွေက သင့်ကျန်းမာရေးကို ကောင်းမွန် စေရုံသာမက ဆံကေသာကိုလည်း သန်စွမ်း လှပစေပါတယ်။ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင် ဟင်းရွက်တွေမှာ ဆံပင်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေမှာ ဆီကြည်လို သဘာဝအဆီ ထုတ်လုပ်မှုကို တိုးစေတဲ့ ဗီတာမင်အေနဲ့စီ အများအပြား ပါဝင်နေတာကြောင့် ဆံပင်သားကို စိုပြည်စေပါတယ်။

၉) ကြက်၊ ဝက်

သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းဓာတ် ပါဝင်မှု လျော့နည်းတာက ဆံပင်သားအတွက် ပြဿနာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် လျော့နည်းမှုကြောင့် ဆံပင်သား ကြွပ်ဆတ်တာကို ဖြစ်စေပြီး ဆံပင်အရောင် ကိုလည်း မှိန်ဖျော့ စေပါတယ်။ ကြက်သားမှာ ဆံပင်သား ကျန်းမာစေမယ့် ပရိုတင်းဓာတ် အလုံအလောက် ပါဝင်နေပါတယ်။ အမဲ၊ ဝက်၊ ဘဲ စတဲ့ အသားတွေမှာ သံဓာတ်များစွာ ပါဝင်တာကြောင့် ဆံခြည်မျှင် အိတ်တွေ အားကောင်းရေးမှာ အရေးပါ နေပါတယ်။

၁ဝ) ကမာ

ပင်လယ်စာ ကမာမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ သွပ်ဓာတ်များစွာ ပါဝင်တာကြောင့် ဆံကေသာ ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အမဲသားနဲ့ သိုးသားကနေလည်း ဒီလို အာနိသင်မျိုးကို ရရှိနိုင်ပါတယ်။

၁၁) ငှက်ပျောသီး

သင်စားတဲ့ အစာမှ ဗီတာမင B6 မရရှိတာကြောင့် ဆံပင်ကျဲပါးတာနဲ့ ဆံပင်ကျွတ်တာ တွေကို ဖြစ်စေ နိုင်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်မှ အာဟာရ ဓာတ်တွေ စုပ်ယူရာမှာ ပါဝင်ကူညီ ပေးပါတယ်။ သွေးနီဥ ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ ဗီတာမင် B6 ဟာ ဆံခြည်မျှင်အိတ်တွေကို အားကောင်းစေပြီး ဆံပင်သားကို တောက်ပ သန်စွမ်း စေပါတယ်။

၁၂) ဆန်လုံးညို

ပရိုတင်းဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်မှ စွမ်းအင် ထွက်ရှိလာရေး အတွက် ပါဝင်ကူညီ နေပါတယ်။ အဲဒီထွက်လာတဲ့ စွမ်းအင်ဟာ ဆံပင်သားကို သန်စွမ်း ကျန်းမာ စေပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင်ဘီ အုပ်စု အပြည့် ပါဝင်တဲ့ အပြင် စွမ်းအင်ကိုလည်း ထွက်ရှိစေတာကြောင့် ဆံပင်သား သန်စွမ်း ကျန်းမာရေးအတွက် အရေးပါ နေပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ