မြွေအဆိပ်ကို ခြေဖျက်နိုင်သော ခွေးလှေးယားသီးနက်စေ့


အောက်မြန်မာပြည် ဆေးသုတေသနဦးစီးဌာနမှ ဆေးသုတေသီများသည်
ခွေးလှေးယားသီးစေ့ဖြင့် မြွေပွေး၏ အဆိပ်ကို ခြေဖျက်နိုင်ကြောင်း စမ်းသပ်ဖော်ထုတ်၍ မှတ်တမ်းတင်နိုင်ခဲ့သည်။

ထိုစမ်းသပ်မှုကို ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများဖြင့် စနစ်တကျ စမ်းသပ်ခဲ့သည်။ ခွေးလှေးယားသီအစေ့၏ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် လူကိုသေစေနိုင်သော မြွေပွေး အဆိပ်ရည်များကို ခြေဖျက်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့မှ မြွှေအကိုက်ခံရသော လူနာတို့အား ဆေးမြီးတိုအဖြစ် ခွေးလှေးယားသီးအစေ့ဖြင့် လက်တွေစမ်းသပ်ကုသခဲ့ရာ များစွာထိရောက် အောင်မြင်ခဲ့ကြောင်းလည်း
ဖော်ပြထားသည်။

ဆေးမြီးတိုဖြင့် အရေးပေါ်ကုသနည်း

(၁) ခွေးလှေးယားသီးစေ့ကို အမှုန့်ကြိတ်၍ မြွေအကိုက်ခံထားရသော
နေရာအား ထည့်ပေးပါ။

(၂) သို့မဟုတ် ၄င်းအမှုန့်ကို အရည်ဖော်၍ လိမ်းပေးပါ။

(၃) အစေ့ ၂ စေ့ခန့်ကို မီးဖုတ်၍ အခွံခွါကာ အဆန်ကို ၀ါးစားပေးပါ။

ခွေးလှေယားသီး(၂)မျိုး

ခွေးလှေးယားသီးသည် အရိုင်းသီး၊ အယဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ အယဉ်သီးမျိုးသည် ပို၍ ဆေးဖက်ဝင်သည်။ အစေ့သည် အနက်ရောင် ဖြစ်သည်။ အရိုင်းသီးသည် အမွေးပါသည်။ ယားတတ်သည်။ အစေ့သည် ၀ါဖတ်ဖတ်အရောင် ရှိသည်။ အယဉ်သီးသည် မြွေဆိပ်၊ ကင်းဆိပ်စသည့် အဆိပ်မျိုးစုံကို နိုင်သည်။ အခြားရောဂါများအတွက်လည်း အသုံးပြုနိုင်သည်။

ဆေးရုံဆေးခန်းနှင့်ဝေးလံသော တောရွာဒေသတို့တွင် အရေးကြုံလာပါက ဆေးမြီးတိုနည်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။

( ဒီပို့စ်ကိုလည်း မိမိတို့လက်လှမ်းမီသလောက် လက်ဆင့်ကမ်း မျှဝေပေးနိုင်ကြပါသည်)

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ဆေးမြီးများ၊ ဆေးဖက်ဝင်အပင်များ

ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ