အ၀လွန်ခြင်း

 ဒေါက်တာလွင်သန့် (ဆေး-၂)
နာတာရှည် ရောဂါများ ထဲတွင် အဝလွန်ခြင်း ရောဂါဟာ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အဖြစ် အများဆုံး တွေ့ရတယ်။ တစ်ကမ္ဘာလုံးမှာ အဝလွန်သူ ဦးရေပေါင်း ၅၇ သန်း သေဆုံး ခဲ့ရာမှ ၃၂ သန်းမှာ နာတာရှည် ရောဂါများကြောင့် သေဆုံးရ ကြောင်း ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အစီရင်ခံစာ အရ သိရပါတယ်။
အဝလွန်ခြင်း ဆိုတာဟာ ကိုယ်အလေးချိန် အချိုးအစားထက် ပိုနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကို ဘီအမ်အိုင် နဲ့ တိုင်းတာ ရပါတယ်။ ဘီအမ်အိုင် ဆိုတာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်း နဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့ အလေးချိန် များရင် ဘီအမ်အိုင် တက်ကာ အဝလွန်ခြင်း ဖြစ်စေတယ်။ ၂ဝဝ၈ ခုနှစ် မှတ်တမ်းအရ ကမ္ဘာ့လူဦးရေ အမျိုးသား သန်း ၂ဝဝ နဲ့ အမျိုးသမီး သန်း ၃ဝဝ တို့ဟာ အဝလွန် ကြတယ်လို့ ဆိုပါတယ်။
BMI ညွှန်းကိန်း (၁၈ ဒသမ ၅) မှ (၂၄)အတွင်း ပုံမှန် အနေအထား၊ (၂၅ ) မှ (၂၇ ဒသမ ၅) အတွင်း ပုံမှန်ထက်များ၊ ညွှန်းကိန်း (၂၈) နှင့်အထက် ဆိုပါက အဝလွန်ခြင်း ဖြစ်ပြီး BMI ညွှန်းကိန်း (၂၇) ထက် ကျော်လွန်ပါက သွေးချို၊ ဆီးချိုရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါတို့ ဖြစ်နိုင်ခြေ ပိုများတယ်။
ခါးပတ်လည် အတိုင်းအတာ အရ အမျိုးသား ၉ဝ စင်တီမီတာ အောက်၊ အမျိုးသမီး ၈ဝ စင်တီမီတာ အောက်ရရှိမှာ ဖြစ်ပြီး ခါးပတ်လည်မှာ ဗိုက်သားအဆီ စုခြင်းရှိ၊ မရှိ ကြည့်ခြင်း အားဖြင့် တွေ့ရှိပါက သွေးကြော အတွင်းနံရံများမှာ အဆီစုပုံပြီး နှလုံးနဲ့ သွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေ ပိုများ ပါတယ်။
အဝ လွန်ခြင်းဟာ အသက်အရွယ် မရွေး အမျိုးသား၊ အမျိုးသမီး မရွေး ဖြစ်နိုင်တယ်။ ရောဂါကြောင့်၊ ပတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် အချို့သူများ ပိုဝ လာနိုင်တယ်။ အလွန်ဝ ရတဲ့ အကြောင်းအရင်း ကတော့ ပုံမှန် လေ့ကျင့်ခန်း မလုပ်ခြင်း၊ အဆီအစိမ့်၊ အချိုများတဲ့ အစားအစာ စားခြင်း၊ ခန္ဓာကိုယ်က သကြားဓာတ် အသုံးနည်းပြီး ပိုတဲ့ သကြားကို အဆီအဖြစ်သို့ ပြောင်းသွား စေလို့ ခန္ဓာကိုယ် အလေးချိန် တက်ကာ အဝလွန်ခြင်း ဖြစ်စေတယ်။
အဝလွန်ခြင်းရဲ့ ဆိုးကျိုးများ ကတော့ ဆီးချို၊ သွေးတိုးရောဂါ၊ သွေးအတွင်း အဆီဓာတ် များခြင်း ရောဂါများကို တစ်ခုချင်း ဖြစ်စေ၊ သုံးမျိုးလုံး ဖြစ်စေ တွေ့နိုင်တယ်။ နှလုံး သွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ သည်းခြေ ကျောက်တည်ခြင်း၊ အဝလွန် ခြင်းကြောင့် မောပန်းလွယ်ခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ အရိုးကျီးပေါင်း ရောဂါ၊ ဆီးမထိန်း နိုင်ခြင်း၊ ကင်ဆာ ရောဂါများ ဥပမာ- ရင်သား ကင်ဆာ၊ သားအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ၊ အမျိုးသမီးများ သားမြုံခြင်း၊ မိမိ ကိုယ်ကိုယ် ယုံကြည်မှု အားနည်းခြင်း၊ စိတ်ကျရောဂါ၊ အရေပြား ရောဂါတို့ အဖြစ်များတယ်။
ဒါကြောင့် ကိုယ်အလေးချိန် ပုံမှန် ရှိစေဖို့ နေ့စဉ် နာရီဝက် အပြေး လမ်းလျှောက်၊ စက်ဘီးစီး စတဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်တယ်။ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစာများ စားပေး ရမယ်။ ချိုလွန်း၊ ဆိမ့်လွန်း တဲ့ စားသောက်ခြင်း ကို ဆင်ခြင် ရမယ်။ ။

 ဒေါက်တာလွင်သန့် (ဆေး-၂) 
#Themyawadydaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ