မွေးကင်းစကလေးများ၏ ရောဂါခုခံအား မူလထင်မှတ်ထားသည်ထက် အားကောင်း



မွေးကင်းစကလေးငယ်များ၏ ရောဂါခုခံ T-cell များသည် ဘက်တီးရီးယားရောဂါပိုးများကို ခုခံတိုက်ဖျက်နိုင်စွမ်းမှာ မူလကထင်မှတ်ထားသည်ထက် အားကောင်းနေပြီး အရွယ်ရောက်သူများနှင့် အလွန်ကွာခြားသော ရောဂါတိုက်ဖျက် စနစ်ကို တွေ့ ရှိ၇ကြောင်း သိရသည်။

လူ့ ရောဂါတိုက်ဖျက်စနစ်တွင် T-cell အမျိုးမျိုးပါဝင်ပြီး ဘက်တီးရီးယားကူးစက်မှုကို ကာကွယ်ပေးသော နျူထရိုဖီး ဆဲလ်နှင့် ပဋိဇီဝဓါတုပစ္စည်းကိုထုတ်လုပ်ပေးသော လင်ဖိုဆိုက်ဆဲလ်များအပါအ၀င် ဗိုင်းရပ်ပိုးနှင့်မိုက်ခရိုဘက်တီးရီး ယားများ ကူးစက်ပြန့် ပွားနေသော T-cell များကို ရှာဖွေဖျက်စီးသည့် B Cell များအပါအ၀င်ဖြစ်သည်။

မွေးကင်းစကလေးငယ်များတွင် ယင်း T-cell နှင့် B-cell များသည် အရွယ်ရောက်သူများကဲ့သို့  ခုခံအားမကောင်းနိုင် ဟု မူလကယူဆထားခဲ့သော်လည်း မွေးကင်းစအချိန်မှစ၍ ရောဂါပိုးမျိုးစုံကို ခုခံကာကွယ်ရသော ကလေးငယ်များ၏ T-cell သည် အံ့သြဖွယ်ကောင်းလောက်အောင် တမူထူးခြားအားကောင်းနေသည်ကို မကြာသေးမှီက တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

မွေးစအချိန်မှ ရက်သတ္တပါတ်အနည်းငယ်အတွင်း T-cell များသည် ခုခံအားပျော့နေသေးသော်လည်း ဘက်တီးရီး ယားကိုတိုက်ဖျက်နိုင်သည့် IL8 မော်လီကျူးကိုထုတ်လုပ်ပြီး ခန္ဓာကိုယ်မှ နျူထရိုဖီးလ်ဆဲလ်များကို လှုံ့ ဆော်ပေး ကာ ဘက်တီးရီးယားပိုးရန်မှ ခုခံကာကွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးတွေမှာ မွေးရာပါဘက်တီးရီးယားတိုက်ဖျက်ရေးယန္တရားကြီးပါလာတယ်။ ဒီယန္တရားကြီးက ကလေးတွေကို မွေးဖွားမှမဟုတ်ဘဲ အမေ့ဝမ်းတွင်းထဲကတည်းက ဘက်တီးရီးယားရန်ကနေ ကာကွယ်ပေးတယ်။ ကလေးငယ်တွေ ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီယန္တရားကြီးပါလာတာကို ကျွန်တော်တို့ အခုမှသိရလေတော့ ဘယ်အရွယ်မှာ အရွယ်ရောက် သူတွေရဲ့  T-cell လို စပြီးဖြစ်တယ်၊ ဘယ်လိုပေါင်းကူးပြောင်းလဲသွားလဲဆိုတာကို သိရအောင် ကျွန်တော်တို့  ဆက် လေ့လာနေပါတယ်ဟု ရောဂါခုခံရေးဇီဝစနစ်ဌာနမှ သုတေသီတစ်ဦးက ပြောပြသည်။

မွေးကင်းစကလေးငယ်များတွင် ဖော်ပြပါအတိုင်း T-cell အားမကောင်းသေးသော်လည်း ဘက်တီးရီးယားတိုက်ဖျက် ရေး သီးခြားယန္တရားပါဝင်ခြင်းကို အသုံးပြုကာ မွေးကင်းစကလေးငယ်များတွင် ဖြစ်တတ်သော ကူးစက်ရောဂါများ ကို အနာဂါတ်တွင် ပို၍ထိရောက်စွာ တားဆီးကာကွယ်ကုသပေးနိုင်မည့် နည်းစနစ်များကို စူးစမ်းလေ့လာရှာဖွေ သွားကြမည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/lashio.news.city


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ