သင့်ကျန်းမာရေး (ဦးနှောက်နဲ့ မှတ်ဉာဏ်)
မနက်စာ မစားခြင်းဟာ ဦးနှောက် ညံ့ဖျင်းစေတဲ့ အချက်တစ်ခု ဖြစ်တယ်။ မနက်စာ မရှိရင် သွေးကြောထဲမှာ သကြားဓာတ် နိမ့်ကျပြီး ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရှိဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်း စေပါတယ်။ လိုတာထက် ပိုစားသောက် ပြန်ရင်လည်း ဦးနှောက်ထဲကို သွားတဲ့ သွေးလွှတ်ကြောတွေ တင်းမာစေတဲ့ အတွက် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊ အသုံးပြု နိုင်စွမ်းနဲ့ သိမ်းဆည်းနိုင်စွမ်း တွေကို ကျစေပြန်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ နီကိုတင်းဓာတ်က စိတ်ကို စွဲလမ်းစေသလို ဦးနှောက်ကို ကျုံ့စေပြီး အယ်ဇိုင်းမားရော ဂါခေါ် လူ့မှတ်ဉာဏ်နဲ့ စဉ်းစား ဆင်ခြင် နိုင်စွမ်းတွေကို ကျဆင်း စေပါတယ်။
အချိုဓာတ် လွန်ကဲစွာ စားသုံးရင် ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ပရိုတိန်းနဲ့ အစာရေ စုပ်ယူနေမှုကို အဟန့်အတား ဖြစ်စေပြီး အာဟာရ ချို့တဲ့ကာ ဦးနှောက် ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
လေထု ညစ်ညမ်းခြင်းဟာ သွေးကြောက တစ်ဆင့် ဦးနှောက်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု လျော့နည်းစေလို့ ညစ်ညမ်းတဲ့ လေရှူမိလေလေ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းလေလေ ဖြစ်တတ်ပါတယ်။
အိပ်ချိန်မှာခေါင်းကို ဖုံးအုပ်ထားရင် ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက် စုစည်းမှု လျော့ကျစေလို့ ဦးနှောက် ပျက်စီးစေတဲ့ အကျိုးဆက်ကို ရရှိစေတယ်။
ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက် သုံးရတဲ့ အလုပ် ပြင်းထန်စွာ လုပ်တာ၊ စာကျက်၊ စာဖတ်တာတွေဟာ ဦးနှောက် စွမ်းဆောင်မှု လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေတယ်။
နျူရိုတန်စမစ်သာ ယုတ်လျော့မှု လက္ခဏာ စပြတာကို အသက် ၅ဝ နဲ့ ၆ဝ နှစ် အတွင်းရောက်ရင် တွေ့ရတတ်ပါတယ်။ မှတ်ဉာဏ် အပြောင်းအလဲမှာ အက်ဆီတိုင်းကိုလင်းခေါ် ဓာတုပစ္စည်း လျော့ပါးလာတယ်။ အဲဒီတော့ ''ဆေးဝါးနဲ့ ဓာတ်စာ'' စားသောက်ဖို့ လိုလာပြီ။ တချို့လူတွေက စဉ်းစားတွေးခေါ် ပေးရင်း၊ အာဟာရ စားသုံး ပေးရင်းက မှတ်ဉာဏ် ပြန်ကောင်းလာတယ်။
မှတ်ဉာဏ်လျော့ပါးမှုကို အသက် ၅ဝ နဲ့ ၇ဝ ကြားမှာ တွေ့ရတတ်ပြီး ဦးနှောက်အတွင်း အကျိတ်တည်ခြင်း၊ ဦးနှောက်သွေးယိုခြင်း ၊သွေးကြော ပိတ်ဆို့ခြင်း၊ လေဖြတ်ခြင်း၊ သွိုင်းရွိုက်ပုံမှန် မလုပ်ဆောင်နိုင်ခြင်း၊ အရက်စွဲခြင်းနဲ့ ဆိုးဆိုးရွားရွား စိတ်ဓာတ် ကျစေတဲ့ ရောဂါတွေ တွေ့ရ တယ်။ အယ်ဇိုင်းမားနဲ့ ပါကင်ဆွန်နစ်ဇင် ရောဂါ ဦးနှောက် သေခြင်း ရောဂါတွေဟာ ဦးနှောက်ဆဲလ်တွေ ပျက်စီးစေပြီး မိမိနဲ့လည်း ကိုယ့် အသက်၊ ကိုယ့်မွေးနေ့၊ ကိုယ့်လိပ်စာ၊ အလုပ်အကိုင်၊ ဆွေမျိုးနဲ့ လုပ်ငန်းခွင်က မိတ်ဆွေတွေပါ မေ့ကုန်စေပါတယ်။ ဒီတော့ အမှီအခို လိုလာတယ်။
မှတ်ဉာဏ် ပုံမှန်ဖြစ်ဖို့ ဆေးလိပ်နဲ့ အရက်ကို ဖြတ်ပါ။ နေ့စဉ် ဗီတာမင် အုပ်စု ဆေးဝါးနဲ့ ခွန်အားဖြည့်ဆေးများ ငှက်သိုက်၊ ဘရင်းကြက်ပေါင်း ရည် သောက်ပါ။ စားပါ။ နေ့စဉ် ပုံမှန်နာရီ ဝက်ခန့်လမ်းလျှောက်ပါ။ ညအိပ်ချိန်ကို ၆ နာရီမှ ၈ နာရီထားပြီး ပုံမှန်အိပ်ပါ။ ပုံမှန်လုပ်ကိုင်ပါ။
မြ၀တီ
https://www.facebook.com/mwdmedia
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin