ကလေးငယ် (၆)လပြည့်သည်ထိ မိခင်နို့ ရည်သာတိုက်ကျွေးသင့်


နို့ ချိုတိုက်ကျွေးသော ကလေးအမေများအတွက် အချိန်ပို၍ကြာမြင့်စွာ နို့ ချိုတိုက်ကျွေးရန်နှင့် ရင်သွေးငယ် အတွက် နို့ ချိုတစ်မျိုး တည်းသာတိုက်ကျွေးရန်အတွက် နို့ ချိုတိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် အသိပညာမျှဝေခြင်း၊ ဟော ပြောပို့ ချခြင်း၊ အကြံပြုခြင်းများမှာ အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။နို့ ချိုတိုက်ကျွေးခြင်းအကြောင်း ပညာပေးခြင်းနှင့် နားလည်တတ်ကျွမ်းသူများက တိုက်တွန်းခြင်းအားဖြင့် အမျိုးသမီး များနှင့် ၄င်းတို့ ၏ ရင်သွေးငယ်အား အာဟာရပြည့်ဝစေရန်နှင့် ကူးစက်ရောဂါများ ဖွံ့ ဖြိုးဖြစ်ပေါ် စေခြင်းရာခိုင်နှုန်းအား လျော့ချပေးနိုင်၍ အကျိုးရှိကြောင်း သိရသည်။

ယူကေရှိ Dundee တက္ကသိုလ်မှ မိခင်နှင့်ကလေးအကြောင်း ရှာဖွေလေ့လာသည့် အသင်းဥက္ကဋ္ဌ Alison McFadden က မိခင်နို့တိုက် ကျွေးရန်လွန်စွာအေ၇းကြီးကြောင်း၊ ကောင်းမွန်စွာထောက်ပံ့ပေးပါက မိခင် များအနေဖြင့် မိမိတို့၏ရင်သွေးငယ်များကို ပို၍ကြာရှည်စွာ နို့ ချိုတိုက်ကျွေးနိုင်ပြီး မိခင်များနှင့် ကလေးငယ် များအတွက် ကောင်းမွန်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အစည်း WHO မှ တိုက်တွန်းချက်အရ ကလေးငယ်များ၏ ပထမ ခြောက်လလုံးတွင် မိခင်နို့ ရည်တိုက်ကျွေးသင့်ပြီး (၂)နှစ် အရွယ်အထိ အခြားအစားအစာများ နှင့်တကွ နို့ ရည်ကိုတွဲဖက်၍ တိုက် ကျွေးသင့်ကြောင်း သိရသည်။ မိခင်နို့ ၇ည်တိုက်ကျွေး ၍ ကြီးပျင်းလာသော ကလေးငယ်များက ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုနည်းပါးပြီး အ၀လွန်ခြင်းဖြစ်ပေါ်ရန်လည်း ရာခိုင်နှုန်းနည်း ကြောင်းသိရသည်။

ထို့ ပြင် ဆီးချို ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း နို့ ချိုတိုက်ကျွေးသော ကလေးငယ်များ၌ သိသာစွာပို၍ နည်းပါးလျက်ရှိကြောင်း သိရသည်။ နို့ ချိုတိုက်ကျွေးသော မိခင်များအတွက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့ချပေးနိုင် ပြီး ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးနိုင်ကြောင်း သိရသည်။ ဤ အချက်အလက်များကို ရရှိရန်အတွက် သုတေသီများက လေ့လာစမ်းသပ်မှု ၇၃ ခုပြုလုပ်ခဲ့ရာ ၄င်းတို့ တွင် မိခင်နို့ တိုက်ကျွေးရန် တိုက်တွန်းမှုအမျိုးမျိုး သိရှိထားသော မိခင်များနှင့် နို့ ချိုတိုက်ကျွေးရန်အတွက် တိုက်တွန်း နှိုးဆော်မှု မရှိသောအ မျိုးသမီးများအား နှိုင်းယှဉ်ခဲ့သည်။ နို့ ချိုတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ မိတ်ဆွေအချင်းချင်း တိုက်တွန်းခြင်းများ၊ အသိပညာ မျှဝေခြင်း၊ ပြသနာများအကြောင်း ဆွေးနွေး၍ မေးခွန်းများမေးမြန်းခြင်း စသည်ဖြင့် တစ်စုံတစ်ရာသိရှိထားပါက ထောက်ပံ့မှုရရှိထားသည့် မိခင်ဖြစ်သည်။
နို့ ချို တိုက်ကျွေးရန် ထောက်ပံ့ခြင်းခံထားရသော အမျိုးသမီးများမှာ နို့ ချိုတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ထောက်ပံ့မှုမရရှိထားသော မိခင်များထက် ကလေးငယ် ၆ လမပြည့် မှီ နို့ ချိုတိုက်ကျွေးခြင်း ရပ်တန့် နိုင်ချေ ၈ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း တွေ့ ရှိခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ