ဝမ်းဗိုက်တွင်းအလွှာကြောင့် သားဥအိမ်ကင်ဆာပျံ့ နှံ့ နိုင်

သားဥအိမ်ကင်ဆာသည် ၀မ်းဗိုက်တွင်းအင်္ဂါ အစိတ်အပိုင်းများကို အဓိကပျံ့နှံ့လေ့ရှိပြီး ၄င်းအစိတ်အပိုင်းများကို mesothelium ဟု ခေါ်သည့် အလွှာဖြင့် ဖုံးအုပ်ထားသည်။

သားဥအိမ်ကင်ဆာဟု ရောဂါ သတ်မှတ်ခံရသူ အမျိုးသမီးများ၏ ထက်ဝက်ခန့်မှာ ရောဂါစတင်ဖြစ်ပွားချိန်မှ ငါးနှစ်အတွင်း ကင်ဆာရောဂါကြောင့် သေဆုံးလေ့မရှိပေ။

Journal of clinical investigation ဆေးပညာစာစောင်တွင် ပါဝင်သည့် သုတေသနတစ်ခုအရ mesothelium အလွှာ၏ဆဲလ်များသည် သားဥအိမ် ကင်ဆာပျံ့နှံ့မှုကို အားပေးသည်ဟုသိရသည်။

University of Chicago မှ သုတေသီ Ernst Lengyel နှင့်အဖွဲ့၏ လေ့လာမှုတွင် mesothelium ဆဲလ်များသည် ကင်ဆာဆဲလ်များရှိသည့် နေရာတွင် fibronectin ဟု အမည်ရသည့် ပရိုတင်းတစ်မျိုးကို ထုတ် လုပ်နိုင်သည်ကို တွေ့ရသည်။


fibronectin ပရိုတင်းသည် သားဥအိမ်ကင်ဆာဆဲလ်များကို ဆွဲယူနိုင်ပြီး ဆဲလ်ပေါင်းစပ်ခြင်းကို အားပေးသည်။ fibronectin ပရိုတင်း မထုတ်လုပ်နိုင်သော mesothelium အလွှာတွင် ကင်ဆာဆဲလ်များ တွယ်ကပ်ခြင်း
မရှိသည်ကို တွေ့ရသည်။


ထို့ကြောင့် mesothelium အလွှာသည် သားဥအိမ်ကင်ဆာပျံ့နှံ့မှုကို အားပေးကြောင်း သုတေသီများက ကောက်ချက်ချထားသည်။



ဇော်ကို
Ref:MDI
Health Updates Journal




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ