ကြက်သွန်ဖြူ၏အစေးဖြင့် ပိုးမွှားများ၏အဆိပ်ကို ကုသနိုင်


စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ တစ်ညနေ မိမိ၏ ၂ နှစ်သားအရွယ်သားလေး နေအိမ်ထဲမှာ ဆော့နေစဉ် ပျားတစ်ကောင် တုတ်သွားခဲ့ပါတယ်။

ဆိုးဆိုးဝါးဝါး အောင်ငိုသံကြောင့် ကြည့်လိုက်တော့ မီးချောင်းအောက်မှာ ပြုတ်ကျနေတဲ့ ပျားတစ်ကောင်ကို သူက တက်နှင်းထားတာကို တွေ့လိုက်ရတော့ ခြေဖ၀ါးနုနုလေးကို ပျားက တုတ်လိုက်ပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။ ချက်ချင်းဆိုတော့ အဖေရော အမေပါ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲဖြစ်သွားခဲ့ပါတယ်။ (ကိုက်သွားတဲ့ပျား၏ ပုံလေးကိုပါ ဓါတ်ပုံမှာထည့်ပေးလိုက်ပါတယ်)

မိမိ၏ ဇနီးသည်မှာ မီးဖိုချောင်မှာ ဟင်းချက်နေချိန်ဆိုတော့ ချက်ချင်းပဲ ခေါင်းထဲပေါ်လာတဲ့ ရိုးရာဆေးမြီးတိုနည်းလေးကို သတိရပြီး ကြက်သွန်ဖြူတစ်မွှာကို ငရုတ်ကျီပွေ့ဖြင့် ထုထောင်းလိုက်ပြီး ၄င်းကြက်သွန်ဖြူ၏ အစေးဖြင့် ပျားတုတ်ထားသည့်နေရာကို ပွတ်လိမ်းပေးလိုက်ပါတယ်။

မိနှစ်ပိုင်းခန့်အကြာမှာပဲ ကလေးက အငိုတိတ်သွားပြီး ကြက်သွန်စေး၏ အစွမ်းကြောင့် အဆိပ်များပြေသွားသလို ပျားတုတ်ထားသည့်နေရာမှ အသားထဲကို နစ်ဝင်နေတဲ့ ပျားအစွယ်လည်း သူ့အလိုလို အပြင်ကို စူထွက်လာပါတယ်။ အဲဒါကို လက်သည်းလေးနဲ့ပဲ ဆွဲထုတ်လိုက်တော့ ကလေးလည်း လုံးဝမငိုတော့ပဲ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်၊ ဆော့နိုင်သွားပါတယ်။

အိမ်ထဲကို ၀င်ကိုက်တဲ့ပျားရဲ့အဆိပ်ကို အိမ်ထဲမှာရှိနေတဲ့ အိမ်တွင်းကုထုံးလေးနဲ့ လက်တွေ့ကုသလိုက်ရပါတယ်။

ရိုးရာဆေးနည်း၊ တိုင်းရင်းဆေးနည်း၊ သဘာဝဆေးနည်းများကို လေ့လာနေတဲ့ မိမိအအတွက်တော့ သဘာဝတရားကပေးတဲ့ ဆေးနည်းများ၏အစွမ်းကို ပိုမိုယုံကြည်လာပါတယ်။

ရိုးရာဆေးနည်းတွေထဲမှာ ဖတ်ခဲ့ရသည့်အတိုင်း ပိုးကောင်၊ ပျား၊ ပုရွတ်ဆိတ် စတဲ့ အဆိပ်ရှိတဲ့ အကောင်လေးများကို အကိုက်ခံရပါက လက်တကမ်းမှာ အလွယ်တကူ ရရှိနိုင်သည့် ကြက်သွန်ဖြူ၏အစေးဖြင့် အဆိပ်များကို ပျောက်ကင်းအောင် ကုသနိုင်ကြကြောင်း ကိုယ်တွေ့ဖြစ်ရပ်လေးဖြင့် မျှဝေပေးလိုက်ပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို)

ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ