ကလေးငယ်များနှင့် အိပ်ယာဝင်ချိန်


ကျောင်းမနေမီအရွယ် ကလေး ငယ်တွေမှာ ညအိပ်ယာဝင်ချိန်က ည ၉ နာရီထက်နောက်ကျခြင်းက အရွယ်ရောက်လာချိန်မှာ အ၀လွန် နိုင်ခြေကိုနှစ်ဆမြင့်တက်စေနိုင်တယ်လို့ Ohio ပြည်နယ်ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ်ကောလိပ်မှသုတေသနအရသိရပါတယ်။ ကျောင်းမနေမီကလေးတွေမှာအချိန်မှန် ည ရှစ်နာရီမတိုင်မီ အိပ်ယာဝင်စေခြင်း အားဖြင့် ဆယ်ကျော်သက်အရွယ်မှာ အ၀လွန်နိုင်ခြေ ပိုနည်းတဲ့အတွက်မိဘတွေအနေနဲ့မိမိတို့ရဲ့သားသမီး တွေကို ပုံမှန်အိပ်ယာဝင်ချိန်နဲ့ ပတ်သတ်ပြီး ပြဌာန်းချက်တွေလုပ်ထား သင့်တယ်လို့အကြံပြုထားပါတယ်။ ဒါ့အပြင်စောစောစီးစီး အိပ်ယာဝင် ခြင်းအားဖြင့်ပိုပြီးမြန်မြန်အိပ်မောကျစေနိုင်ပါသေးတယ်လို့သိရပါတယ်။

 ကလေးဆရာဝန်များကလည်း သိပ္ပံနည်းကျ တွေ့ရှိချက်များဖြင့် ကလေးတွေကိုစောစီးစွာအချိန်မှာ အိပ်ယာဝင်စေခြင်းက ကလေးရဲ့ ဆိုးကျိုးဖြစ်စေနိုင်တဲ့ အချက်ကိုလျော့နည်းအောင် မိသားစုကလုပ်ပေးနိုင်တဲ့အချက်တစ်ခုဖြစ်ပြီး၊ ယင်းသို့လုပ်ခြင်းအားဖြင့်ကလေးရဲ့ လူမှုဆက်ဆံရေး၊ စိတ်ခံစား၊ မှတ်ဥာဏ်အရည်အသွေးတွေပေါ် ကောင်းမွန်တဲ့ ရလဒ်တွေရစေမှာဖြစ်တယ်လို့  မိဘတွေကိုအကြံပြုလေ့ ရှိပါသည် ။ US မှာတော့ကလေး တွေအ၀လွန်နေခြင်းက အဓိကကျန်း မာရေးပြဿနာတစ်ခုဖြစ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာ အရကလေး နဲ့ဆယ်ကျော်သက် ၁၂.၇ သန်း ခန့် ဟာ အ၀လွန်နေတယ်လို့ ရောဂါ ကာကွယ်တားဆီးရေးဗဟိုရဲ့အချက်အလက်တွေအရသိရပါတယ်။ အ၀ လွန်ခြင်းကကလေးတွေကို ဘ၀တစ် လျောက်ဆိုးကျိုးတွေဖြစ်စေနိုငပါတယ်။ Paediatric Journal မှာဖော်ပြခဲ့တဲ့သုတေသနတစ်ခုမှာ ကျောင်းမနေမီအရွယ် ကလေးတွေရဲ့ အိပ်ယာဝင်ချိန်က ဆယ်ကျော်သက် အရွယ် အ၀လွန်မှုနဲ့ ဆက်စပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။

 ယင်းသုတေသနရဲ့ ရလဒ်တွေအရအစောဆုံးအိပ်ယာ ၀င်တဲ့ ကလေး ၁၀ ဦးမှာ ၁ ဦးနှုန်းကဆယ်ကျော်သက်မှာ အ၀လွန်ပြီး အလယ်အလတ်အချိန် အိပ်ယာဝင် လေ့ရှိတဲ့ ကလေးတွေမှာ ၁၆% နဲ့နောက်ကျမှအိပ်တဲ့ကလေးတွေမှာ ၂၃% ထိ အ၀လွန်တာတွေ့ရပါ တယ်။ သုတေသနမှာ ပါဝင်တဲ့ ကလေးတွေရဲ့ တစ်ဝက်လောက်က အလယ်အလတ်အုပ်စုထဲမှာ ပါဝင်ပြီး လေးပုံတစ်ပုံကစောစောအိပ်တဲ့အုပ်စုမှာ ပါဝင်ကာ ကျန်လေးပုံတစ်ပုံကနောက်ကျမှအိပ်တဲ့အုပ်စု မှာပါဝင်တာ တွေ့ရပါတယ်။ မိသား စုနဲ့ကလေးကြား ဆက်ဆံရေးက လည်း ကလေးရဲ့ လုပ်ရိုးလုပ်စဉ် ဥပမာအိပ်ချိန်တွေပေါ်မှာသက်ရောက်မှု ရှိနိုင်တဲ့အတွက် ကလေး နဲ့မိခင်ကြား ဆက်ဆံရေးကိုပါစစ်ခဲ့ကြပါတယ်။ ဒါပေမယ့်မိခင်နဲ့ကလေးကြား ဆက်ဆံရေးက မည်သို့ ပင်ရှိနေပါစေ၊ အိပ်စက်ချိန်နဲ့ အ၀ လွန်ခြင်းကခိုင်ခိုင်မာမာဆက်စပ်နေတာတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အိပ်ယာဝင်နောက်အကျဆုံး ကလေး တွေရဲ့မိခင်တွေကကလေးနဲ့ဆက်ဆံမှုအဆိုးဆုံးဖြစ်သလို အ၀ လွန်မှုအတွေ့ကြုံရဆုံး အုပ်စုလဲဖြစ်ပါတယ်။ အိပ်စက်ချိန်နောက်ကျတဲ့ကလေးအများစုဟာ လူဖြူများ မဟုတ်သလို၊ မိခင်ကလည်း ပညာ ရေးအဆင့်အတန်း နိမ့်ကျပြီး ၀င်ငွေ နည်းတဲ့မိသားစုတွေဖြစ်တာကိုလည်း တွေ့ရပါတယ်။

သုတေသီတွေကတော့ကလေးတွေကိုအိပ်ယာထဲစောစောသွားစေခြင်းကသူတို့တွေချက်ချင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်လို့အာမမခံနိုင်ပေမယ့်အချိန်မှန်အိပ်ယာထဲ ၀င်စေခြင်း အားဖြင့်ကလေးတွေကိုသူတို့အတွက်လိုအပ်တဲ့အိပ်ချိန်ကိုအကောင်းဆုံးရရှိစေမှာပါလို့ ဆိုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ