အိပ်စက်ချိန်နည်းပါးသောအမျိုးသမီးများ ရင်သားကင်ဆာ အခြေအနေမှာပိုမိုဆိုးရွားနိုင်


အိပ်စက်ချိန် နည်းပါးသော၊ အိပ်ပျော်နေစဉ် ဟောက်တတ်သော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားလာပါက ရောဂါအခြေအနေ မှာ ပိုမိုဆိုးရွားတတ်ကြောင်းကို လေ့လာမှုတစ်ခုက Clinical Sleep Medicine တွင် ဖော်ပြလိုက်ပါသည်။ အမေရိကန်တွင် ရင်သားကင်ဆာ သည် အမျိုးသမီးများတွင် အရေပြား ကင်ဆာ နောက်အဖြစ်အများဆုံး ကင်ဆာတစ်ခု ဖြစ်နေသည်။ အမေရိ ကန် ကင်ဆာ အဖွဲ့ အစည်းတစ်ခု ဖြစ်သည့် American Cancer Society မှ ခန့်မှန်းချက် အရ ယခု နှစ်တွင် ကိုယ်ခန္ဓာ အတွင်း အခြား နေရာများသို့ ပျံ့နှံ့နေနိုင်သော ရင်သားကင်ဆာ ဖြစ်ပွားနိုင်သူပေါင်း ၂၄၆၆၆၀ ယောက်ခန့်ရှိနိုင်ပြီး ယင်း ထဲမှ အမျိုးသမီး ၄၀၀၀၀ ယောက်ခန့် သည် ရင်သားကင်ဆာကြောင့် သေဆုံးနိုင်သည်ဟု သိရှိရပါသည်။

လေ့လာမှုရဲ့ တွေ့ရှိချက်များ အရ တစ်နေ့လျှင် ၇-၈နာရီခန့်အိပ် စက်ပြီး မဟောက်တတ်သောရင်သား
ကင်ဆာဖြစ်ပွားနေသူများသည် နေ့ စဉ် ၆နာရီထက်နည်းပါးသော အိပ် စက်ချိန်သာရှိပြီး တစ်ပတ်လျှင် ၅ည ထက်ပိုကာ ဟောက်တတ်သောတို့ နှင့် နှိုင်းယှဉ်ပါက ရင်သားကင်ဆာ ကြောင့်ဖြစ်သော သေဆုံးမှုမှာ ထက် ၀က်ခန့် လျော့နည်းနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါသည် ။

အမေရိကန် အိပ်စက်မှုနှင့် ဆေးပညာလေ့လာမှု ငှာန American Academy of Sleep Medicine အဆိုအရ လူကြီး တစ်ယောက်သည် လုံလောက်သော အိပ်စက်ချိန် တစ်နေ့လျှင် ၇နာရီခန့် ရရှိမှသာလျှင် အိပ်ရေးပျက်ခြင်း ကြောင့်ဖြစ်သော ကျန်းမာရေးဆိုးကျိုး များကို ကာကွယ်နိုင်မည်ဟုဆိုပါ သည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ