နှလုံးခုန်နှုန်းကပြောသော သင့်ကျန်းမာရေး


University of Munich မှသုတေသီတွေကနှလုံးခုန်နှုန်း အသေးစား မမှန်ကန်မှုလေးတွေက လူ့ကျန်းမာရေး ကောင်းမကောင်း ညွှန်ပြပေးနိုင်တယ်လို့ဆိုခဲ့ပါတယ်။သူတို့တွေကနှလုံးခုန်နှုန်းနဲ့မျှော်မှန်း သက်တမ်းကြား ဆက်စပ်တဲ့နည်း လမ်းသစ်ကိုတီထွင်နိုင်ခဲ့ကြပါတယ်။

အစောပိုင်းလေ့လာမှုတွေမှာကနှလုံး ခုန်နှုန်းက အသက်ရှုနှုန်းစက်ဝန်း (ရှုသွင်း၊ ရှုထုတ်) နဲ့ ဆက်စပ်နေတာ ကိုလေ့လာခဲ့ကြပေမယ့် ယခုအဖွဲ့ကတော့ အသက်ရှုထုတ်ချိန်နဲ့ နှလုံး ခုန်နှုန်းကြား ဆက်စပ်မှုကိုအဓိကထား လေ့လာခဲ့ပါတယ်။ အသက်ရှု ထုတ်ချိန်မှာပုံမှန်အားဖြင့်နှလုံး ခုန်နှုန်း လျော့ကျသွားလေ့ရှိပါတယ်။ ယခုတွေ့ရှိခဲ့တဲ့ နည်းလမ်းသစ်ကို American College of Cardiology ဂျာနယ်မှာပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ယင်းနည်းလမ်းသစ်ရလဒ်အတွက် သုတေသနပညာရှင်တွေက နှလုံး<ကက်သား ရုတ်တရက်ဒဏ်ရာရမှု(Heart attack) ဖြစ်ပြီးနောက် ဝေဒနာရှင်တွေမှာ အသက်ရှုချိန် နှလုံးခုန်နှုန်းမမှန်ကန်မှုကိုလေ့လာခဲ့ပါတယ်။

ပါဝင်ခဲ့တဲ့ ဝေဒနာရှင် တွေကို ၆ လ တစ်ခါနဲ့ငါးနှစ်အထိစမ်းသပ်ခဲ့ကြပါတယ်။ ရလဒ်ကတော့Heart attack ရပြီးသား သူတွေမှာ အသက်ရှုချိန် နှလုံးခုန်နှုန်း မမှန်မှုပိုနည်းလေငါးနှစ်အတွင်း အသက်ဆုံးနိုင်ခြေပိုများလေဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။ အသက်ရှု ချိန်နှလုံးခုန်နှုန်း မမှန်မှုနည်းတဲ့ Heart attack ဝေဒနာရှင်တွေက နှလုံးခုန်နှုန်းမမှန်မှုများသူတွေထက်ငါးနှစ်အတွင်း အသက်ဆုံးရှုံးနိုင်ခြေ ငါးဆခန့်ပိုများတာတွေ့ခဲ့ရပါတယ်။ ယခုခေတ်မှာတော့နည်းပညာတွေမြင့်မားလာတဲ့အတွက် အသက်ရှုနှုန်း နဲ့နှလုံးနှုန်းကိုကွဲကွဲပြားပြား သိရှိရဖို့ အခက်အခဲတွေ မရှိတော့ဘဲ ပုံမှန် ဆရာဝန်တစ်ယောက်ပင်လျှင် ဆယ်မိနစ်အတွင်း နှလုံးခုန်နှုန်း မှန်၊ မမှန်ကိုအလွယ်တကူဆုံးဖြတ်နိုင်လာပြီဖြစ်ပါတယ်။ ယင်းနည်းပညာကို ဝေဒနာရှင် ၈၀% ကျော်မှာလတ်တလော့ Heart attack ဖြစ်ပွားထားမှု ရှိရှိ၊ မရှိရှိသုံးနိုင်ပြီး၊ အခြားသောနှလုံးစစ်ဆေးမှုအနည်းငယ်နဲ့ပေါင်း ကာ နှလုံးရောဂါ အခြေအနေကို ခန့်မှန်းနိုင်ပါတယ်လို့ သု တေသီတွေ က အကြံပြုခဲ့ပါတယ် ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ