မောပန်းခြင်း

မောပန်းခြင်းဟာ နှလုံးရောဂါရဲ့ ရှေးဦး လက္ခဏာများ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သူ များဟာ ပိုပြီး အမောခံနိုင်ကြပြီး သက်လုံ ကောင်းကြတယ်။

ကိုယ်လက်လှုပ်ရှားခြင်းဟာ ခန္ဓာကိုယ် ပုံသဏ္ဌာန်ကို အချိုးအစား မျှတပြီး ခန္ဓာကိုယ်ရှိ ကြွက်သား အမျိုးမျိုးကို ပိုမို သန်စွမ်းစေတဲ့ အတွက်ကြောင့် အလုပ် ပိုလုပ်နိုင်တယ်။ အသက်အရွယ်နဲ့ တစ်ဦးချင်းရဲ့ ခန္ဓာကိုယ် အခြေအနေကို လိုက်ပြီး သင့်လျော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်သင့်တယ်။ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက် ဒါမှမဟုတ် စက်ဘီးစီး လုပ်သင့်တယ်။ မောပန်းတယ် ဆိုတာ ခန္ဓာကိုယ်တွင်းမှာ အကြောင်း ကြောင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ စုဝေးနေတဲ့ အခါမှာ ဖြစ်စေ၊ အောက်ဆီဂျင် လျော့နည်းနေတဲ့ အခါမှာ ဖြစ်စေ ဦးနှောက်က သိရှိပြီး အသက် ရှူသွင်းတဲ့ အင်္ဂါ အစိတ်အပိုင်းက အာရုံကြောမှ တစ်ဆင့် အဆုတ်ကို ပို၍ အသက်ရှူဖို့ ညွှန်ကြားတာ ဖြစ်တယ်။ အဆုတ်ဟာ ခန္ဓာကိုယ် အတွက် အောက်ဆီဂျင် ပိုရ စေဖို့၊ ပိုနေတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်ဖို့ အလုပ် လုပ်ပေးရတယ်။ မောပန်းရခြင်းမှာ မောပန်းခြင်းနဲ့ အတူ အသက်ရှူ မဝခြင်း၊ နှလုံးခုန် မြန်ခြင်းတို့ တွဲ၍ ဖြစ်ကြတယ်။ မောပန်းခြင်း အကြောင်းအရာမှာ နှလုံး ရောဂါဟာ မောပန်းတဲ့ အဓိက လက္ခဏာ ဖြစ်တယ်။ နှလုံးရောဂါ သည်ဟာ ပင်ပင်ပန်းပန်း မလုပ်ဘဲ အလိုလို မောပန်း နေတတ်တယ်။ အဆုတ်ရောင်ရောဂါ အမျိုးမျိုးကြောင့် ကောင်းစွာ အသက်မရှူနိုင်ရင် မောပန်းကြတယ်။ ပြင်းထန်တဲ့ အဆုတ် အအေးမိရောဂါ၊ အဆုတ် ရောင်ခြင်း၊ ပြည်တည်ခြင်း၊ သွေးများ စုဝေးခြင်း၊ ပြည်များ ပိုမို ခိုအောင်းနေခြင်း၊ ရင်ခေါင်းပိုင်းရှိ အင်္ဂါများ ကင်ဆာဖြစ်ခြင်း၊ ရေဖျဉ်းနဲ့ ဝမ်းဗိုက်ရှိ အသားပို၊ အကျိတ်လုံးများ ဖိလို့ အဆုတ်မှာ တင်းကျပ်ခြင်းတို့ ဖြစ်တယ်။ အသက်ရှူလမ်းကြောင်း ကောင်းစွာ မပွင့်တဲ့အခါ မောပန်း တတ်တယ်။ အဲဒီလို မောပန်းတာဟာ အသံအိုး ရောင်ခြင်း၊ အသက်ရှူ လမ်းကြောင်း တစ်လျှောက် အခြား အရာဝတ္ထုများနဲ့ ပိတ်ဆို့နေခြင်း၊ အဆုတ် လေပြွန်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်း၊ ပန်းနာရင်ကျပ် ရောဂါ၊ ကာလသား ရောဂါနဲ့ အသံအိုး ထိခိုက်မိခြင်း၊ လည်ပင်းမှာ အသားပို၊ အကျိတ်လုံးများ၊ သိုင်းရွိုက် အကျိတ် ကင်ဆာတို့ကြောင့် ဖြစ်တယ်။ သွေးအားနည်းခြင်း၊ ဦးနှောက်နှင့် ကျောရိုးတွင်းရှိ အာရုံကြောမကြီးမှာ ဒဏ်ရာရခြင်း၊ အနာရောဂါ ဖြစ်ခြင်း၊ ဆီးချိုနှင့် တစ်ကိုယ်လုံးရှိ ကြွက်သား အားနည်းရောဂါ၊ သိုင်းရွိုက် အကျိတ်ရောဂါတို့ဟာ မောတတ်တယ်။ တစ်ခါတစ်ရံ စိတ်ကြောင့် မောတတ်တယ်။ အလွန် နာကျင်တဲ့ အခြေအနေ၊ တောင်ပေါ်နှင့် လေဖိအားနည်း နေရာမှာ အသက်ရှူ မဝရင် ပို၍ မောတယ်။ သက်ကြီး ရွယ်အိုတွေက လူငယ်၊ လူရွယ်တွေထက် ပိုပြီး မောပန်း တတ်တယ်။ ကြွက်သား အင်အားနည်းပြီး သွေးကြောများ အတွင်း ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ် မြန်မြန် ဖယ်မပစ်နိုင်တဲ့ အလေ့အကျင့် ရှိပါက ရောဂါဘယ ကင်းပြီး သာမန် ကျန်းမာရေးနှင့် ပြည့်စုံသော လူတစ်ယောက် ဖြစ်ပေမယ့် ကိုယ်တွင်း ကာဗွန်ဒိုင်အောက်ဆိုက်များပြီး မောပန်းလွယ်တယ်။

နှလုံးနှင့် အဆုတ်ရောဂါ အမျိုးမျိုးမှ ကာကွယ်ဖို့ အဆီအအိမ့်နှင့် ဆေးလိပ်လျှော့ ရမယ်။ စိတ်ပင်ပန်းမှု၊ စိတ်လှုပ်ရှားမှု လျှော့ရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အညီ နေထိုင်ရမယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ