Vitamin B12 ဗီတာမင် ဘီ-၁၂


၁။ B -12 အကြောင်းလည်း ပြောပြပေးပါရှင့်။
၂။ အသက် ၄ဝ သို့ ၅ဝ အထက် လူကြီးတယောက်ဟာ တစ်နေ့ကို B12 ဘယ်လောက် ပမာဏ သောက်သင့်ပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား သောက်ရမယ့် ပမာဏ ကွာခြားပါသလား။
ဗီတာမင် ဘီ-၁၂ ချို့တဲ့တာ ကမ္ဘာမှာ အဖြစ်များတယ်။ ယူအက်စ်မှော ၁့၅ ကနေ ၁၅% နည်းနေကြတယ်။ Cyanocobalamin လို့လည်းခေါ်တယ်။ ဘီ-၁၂ ကနေ စိတ်မူ၊ မှန်ဉာဏ် ကောင်းစေတယ်။ အင်နာဂျီခေါ် ခွန်အား၊ နှလုံး၊ အရေပြား၊ ဆံပင်၊ အစာချက်လမ်းတွေကိုလည်း ကောင်းစေတယ်။ နည်းနေသူတွေ အားယုတ်နေမယ်။ အင်ဇိုင်း ခေါ် လိုအပ်တဲ့ဓါတ်တွေနည်းနေမယ်။ ဟော်မုန်းနဲ့ DNA တည်ဆောက်မှုမျှ လိုအပ်ချက်ရှိနေမယ်။ ကိုယ်ဝန်ဆောင်မှာ နည်းတာမကောင်းပါ။

အာရုံကြောစနစ်နဲ့ နှလုံးသွေးကြောစနစ်ကို ထိခိုက်မယ်။ အာရုံကြောတွေတည်ဆောက်ဘို့လိုတယ်။
ခြေထောက်တွေ၊ ကြွက်သားတွေ၊ အဆစ်တွေနာနေသူ၊ ခေါင်းမူးနေသူ၊ မှတ်ဉာဏ်နည်းနေသူ၊ အာရုံစိုက်မှုအားနည်းနေသူ၊ စိုးရိမ်စိတ်ကဲနေသူတွေ ဘီ-၁၂ နည်းနေသလားစစ်ဆေးသင့်တယ်။ အစားပျက်နေသူ။ နှလုံးမကောင်းချင်နေသူတွေလည်း ပါတယ်။ အစာလမ်းမကောင်းသူတွေမှာ အဖြစ်များတယ်။ အသက် ၅ဝ ကျော်သူတွေ နေ့စဉ် 25–100 milligrams သောက်သင့်တယ်။ တချို့သုတေသနတွေက ကင်ဆာကိုပါကာကွယ်လို့လို့ဆိုတယ်။ သွေးအားနည်းနိုင်တယ်။

အမဲနဲ့ ကြက်အသည်း ၃ အောင်စ = 81 milligrams
ဆယ်လ်မွန်ငါး ၁ဝ၈ ဂရမ် = 19.5 milligrams
ဟာရင်းငါး ၁၄၃ ဂရမ် = 18.7 milligrams
မက်ကာရဲလ်ငါး ၃ အောင်စ = 15.3 milligrams
ဆာဒင်းငါး ၁ ခွက် = 13.3 milligrams
ကျူနာငါး ၃ အောင်စ = 9.3 milligrams
ရောဂတ် ၁ ခွက် = 1.3 mg
ကြက်ဆင် ၃ အောင်စ = 1.1 milligrams
နွားနို့ ၁ ခွက် = 1 milligrams

ဘီ-၁၂ ကို အသားတွေ၊ ဥတွေ၊ ငါးတွေကနေရလို့ အသားမစားသူတွေမှာ နည်းနေနိုင်တယ်။ ယိစ်၊ အဆံတွေ၊ ပင်လယ်ရေညှိတွေမှာပါတယ်။
လူတယောက် ဗီတာမင် ဘီ ၁၂ နေ့စဉ်လိုအပ်ချက်
• ၆ လအထိ = 0.4 mcg
• ၇-၁၂ လ = 0.5 mcg
• ၁ နှစ်မှ ၃ နှစ်အထိ = 0.9 mcg
• ၄ နှစ်မှ ၈ နှစ်အထိ = 1.2 mcg
• ၉ နှစ်မှ ၁၃ နှစ်အထိ = 1.8 mcg
• ၁၄ နှစ်အထက် = 2.4 mcg
• ကိုယ်ဝန်ဆောင် = 2.6 mcg
• နို့တိုက်မိခင် = 2.8 mcg
• အသက် ၅ဝ ကျော် = ဘီ ၁၂ ပါအစားအစားတွေ + 25-100 mcg


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ