RV Uterus သားအိမ်နောက်လန်


မင်္ဂလာပါဆရာ။ မွေးရာပါ သားအိမ်ခေါက်တာ ယောက်ျားယူ ကလေးမွေးမှ ပျောက်မှာလားဆရာ။ သားအိမ်ခေါက်တော့ ရာသီအလာနည်းပြီး အရမ်းဗိုက်အောင့်ပါတယ်။ ရင်သားမှာလည်း ရေအိပ်လို့ အလုံးတွေ(ဇီးသီးအရွယ်) အများကြီးပဲ ရင်သားတဖက်ကို ၁၀ လုံးလောက်ရှိပါတယ်။ အလုံးတွေက ၂၀၁၀ တည်းကရှိနေတာပါ။ ရေအိပ်တွေက ကင်ဆာ ဖြစ်နိုင်ပါသလား။ ယောက်ျားယူကလေးမွေးတဲ့နည်းလမ်းပဲရှိတာလားဆရာ။ တခြားနည်းလမ်းတွေ ရှိပါသေးလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး မသိပါ။ အခေါ်အဝေါ်တွေက မတူကြပါ။ မနက်က သားအိမ်ပြောင်းပြန်လို့ မေးတယ်။ အမှန်က သားအိမ်နောက်လန်တာဖြစ်တယ်။ ဆေးစစ်ချက်စာ (ပုံ မဟုတ်) သိမှသာ RV ခေါ်တာ ဟုတ် မဟုတ် သိမယ်။ ရင်သား အကျိတ်တွေနဲ့ မျိုးဥအိမ်အိတ်စာတွေလည်း ဖတ်လိုက ဘလော့မှာဖတ်နိုင်။ မေးနည်းစည်းကမ်းအရ မေးလိုက မေးနိုင်။

ဗဂျိုင်းနားရဲ့ ခန္ဓာဗေဒတည်ဆောက်ပုံ
အမျိုးသမီးတယောက် ပက်လက်အိပ်နေတာကို ဘေးတိုက်ကြည့်ရင် သားအိမ်အပေါက်ဝကနေ အတွင်းထဲ ဆက်သွားတဲ့ ပြွန်လိုလမ်းကြောင်းဟာ အောက်ဖက်ဆီကို ဦးတည်နေတယ်။ ဗဂျိုင်းနားအဆုံးမှာ သားအိမ်ဝရှိတယ်။ သားအိမ်ဝနဲ့ တဆက်တည်းက သားအိမ်။ သားအိမ်ကိုယ်ထည်။ သားအိမ်လည်ပင်းပိုင်းနဲ့ ကိုယ်ထည်က တဖြောင့်တည်းမဟုတ်ဘဲ ဒေါင့်ချိုးရှိတာ ထူးခြားတယ်။ မေးတဲ့သူရဲ့ ပုံစံဟာ ဒီနေရာဒေါင့်ချိုးက RV အောက်ဖက်ဆီ ဆင်းသွားတယ်။ အမျိုးသမီးအရအတွက် ပိုများများမှာတော့ AV ဒေါင့်ချိုးဟာ အထက်ဖက်ဆီ သွားကြတယ်။

နှစ်မျိုးလုံးကို (နော်မယ်လ်) လို့သာ သတ်မှတ်ပါတယ်။ ကလေးရဘို့ခက်-မခက်ကို လေ့လာမှုတွေအရ RV နောက်ပြန် ဖြစ်နေသူတွေမှာ နည်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုတာဟာ ကလေး မရစေဘူးပြောတာ မဟုတ်ပါ။ AV ရှေ့ပြန် သမားထဲကလဲ ကလေးမရနိုင်သေးသူတွေ တပုံတပင်ရှိတယ်။ သားအိမ်အနေအထား RV ဖြစ်နေတဲ့အမျိုးသမီး ကိုယ်ဝန်မရမှာကို စိုးရိမ်တာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒီလို RV ဖြစ်တာ ကလေးမရတာကို မဖြစ်စေပါ။

ဆေးပညာထဲက အခေါ်အဝေါ်အသုံးအနှုန်းတွေကို မြန်မာလိုပြန်တာမှာ စံထားတဲ့မူ မရှိသေးပါ။ ၄-၅ ရက်လောက်က ဘေလုံးနဲ့ သရက်ရွက်ကို ရေးသေးတယ်။ သားအိမ်ခေါင်းနဲ့ သားအိမ်ဝအကြောင်းလည်း ရေးထားတယ်။ အဲတာကြောင့် မေးခွန်းမှာ ဆေးစာမှတ်ချက် စာလုံး၊ စာကြောင်းကို သိပါသလားလို့ အမြဲမေးနေရတယ်။

Uterus သားအိမ် http://doctortintswe.blogspot.com
Uterus didelphys သားအိမ်နှစ်ခွ http://doctortintswe.blogspot.com/2015/07/uterus-didelphys.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ