Bluetooth-enabled pregnancy kit ဘလူးတုသ်နဲ့ ကိုယ်ဝန်စမ်းနိုင်


First Response ကနေတီထွင်တာဖြစ်ပါတယ်။ စမတ်ဖုံးဖြစ်ဖြစ် တက်ဘလက်ဖြစ်ဖြစ်ရှိရင် ကိုယ်ဝန်ရှိ မရှိ စမ်းလို့ရပြီ။ ဆီးစစ်တံလေးကို စမတ်ဖုံးနဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။ ၃ မိနစ်သာကြာမယ် ။ Qualcomm technology နည်းပညာကို သုံးထားတယ် ။ Pregnancy PRO Digital Pregnancy Test & App Access လို့ ခေါ်တယ်။

အဖြေစောင့်နေတုံးမှာလည်း Calm Me စိတ်အေးသက်သာရစရာဖြစ်ဖြစ် Educate Me ကိုယ်ဝန်နဲ့ မျိုးပွါး ပညာပေးဖြစ်ဖြစ် ကြည့်နေနိုင်ပါတယ်။ Entertain Me ကိုရွေးပြီး ဗီဒီယိုတခုခုကြည့်နေနိုင်ပါတယ်။ အဖြေက အနုတ်ပြရင် ကိုယ်ဝန်ရစေဘို့ အကြံကောင်းတွေပေးပါမယ်။ အပေါင်းပြရင် ခန့်မှန်မွေးမယ့်ရက် တွက်ပေးမယ် ။

တခုကို ၉ ဒေါ်လာနဲ့ ၁၅ ဒေါ်လာပေးရတဲ့ အမျိုးအစား ၂ ခုရှိတယ်။ ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၆၄% က စမတ်ဖုန်းသုံးနေကြတယ် ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ