ဆံပင် အမျိုးအစား အလိုက် ထိန်းသိမ်း ရအောင်

တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ဆံပင်၊ ဖြောင့်တဲ့ဆံပင်.. ဘယ်လို ဆံပင်ပုံပဲ ရှိရှိ ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းဖို့ လိုပါတယ်။

ကောင်းမွန်တဲ့ အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ ရှောင်ရှားမှုနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပ ကြည့်ကောင်း စေပါတယ်။
သင့်ဆံပင်သားက အဆီပြန် နေလျှင် သင့်ဆံပင်က အဆီပြန်ရင် နေ့စဉ် ခေါင်းလျှော် သင့်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဆံပင်သားအတွက် သီးသန့် ထုတ်ထားတဲ့ ရှမ်ပူမျိုးကို ရွေးသုံးပါ။ အဆီဓာတ်ပါတဲ့ ဆံပင်လိမ်းပစ္စည်းကို ရှောင်သင့် ပါတယ်။

သင့်ဆံပင်သားက ခြောက်သွေ့နေလျှင် မကြာခဏ ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်မယ် ဆိုရင် အစိုဓာတ် ထိန်းနိုင်တဲ့ ရှမ်ပူမျိုးကို ရွေးသုံး သင့်ပါတယ်။ သင့်ဆံပင်သားမှာ အဖြူဖတ် ကပ်နေလျှင် ဦးခေါင်းမှာ ဗောက်ထနေတာ ဖြစ်နိုင်ပါတယ်။ ဗောက်ပျောက် စေမယ့် ရှမ်ပူမျိုး ရွေးသုံးပါ။ တကယ်လို့ ဗောက်မပျောက်ရင် ပိုပြီး ထိရောက်မှု ရှိစေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးသုံးနိုင်ဖို့ အရေပြား ဆရာဝန်ကို မေးမြန်းပါ။ သင့်ဆံပင်ကို အရောင်ဆိုးမည် ဆိုလျှင် အရင်ဆုံး ဆံပင် ဆိုးဆေးဘူးမှာ ပါတဲ့ အညွှန်းစာကို သေချာဖတ်ပါ။ အထူးသဖြင့် သတိပေးချက်ကို စနစ်တကျ ဖတ်ပြီး လိုက်နာဖို့ လိုပါတယ်။ ဆံပင်အရောင် မဆိုးခင် ဆံပင်ဆိုးဆေးနဲ့ တည့်မတည့်သိအောင် အရင် စမ်းသပ်ပါ။ ဆံပင်ဆိုးဆေး တစ်စက်ကို သင့်လက်တံတောင်ရဲ့ အတွင်းဘက် အရေပြား ဒါမှမဟုတ် နားနောက်ကို တို့ကြည့်ပါ။ နှစ်ရက်လောက် ထားကြည့်လို့ နီမြန်းတာ၊ ယားတာ၊ အဖုပေါက်တာတို့ မဖြစ်မှ ဆံပင် အရောင်ဆိုးပါ။ တကယ်လို့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာရင် ဆံပင်ဆိုးဆေးကို မဆိုးပါနဲ့။ သင့်ဆံပင်ကို ဖြောင့်စေလိုလျှင် ဆံပင်ဖြောင့်လိုတယ် ဆိုရင် ခေါင်းလျှော်ရည်ကို ဖြောင့်ဆေးပါတဲ့ အမျိုးအစား ရွေးသုံး သင့်ပါတယ်။ ပြီးရင် ကွန်ဒီရှင်နာ သုံးကာ ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ထားစ ဆံပင်ကို ဘီးကုပ်ကုပ်တာ၊ စည်းနှောင် ထားတာမျိုး မလုပ်ပါနဲ့။ လေမှုတ်စက်၊ ကောက်စက်နှင့် ဓာတုပစ္စည်းများ သုံးလျှင် ဆံပင် အခြောက်ခံစက်၊ ကောက်စက်နဲ့ ဓာတုပစ္စည်းတွေကို အလွန်အမင်း မသုံးပါနဲ့။ ဒါတွေက ဆံပင်ကို ခြောက်သွေ့တာ၊ ပြတ်တောက်တာတို့ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် အသုံးပြုတာ မျိုးကို ရှောင်ပါ။ ရေကူးသူဖြစ်လျှင် ရေကူးကန် ထဲမှာ ခတ်ထားတဲ့ ကလိုရင်းဓာတ်ဟာ ဆံပင်သားကို ထိခိုက် စေနိုင်ပါတယ်။ ဆံပင်သားကို ကလိုရင်းကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ခေါင်းစွပ်စွပ်ပြီး ရေကူးပါ။ ဒါမှမဟုတ် ရေကူးပြီး ချိန်မှာ ဆံပင်သားကို ရေနဲ့ချက်ချင်း ဆေးချ လိုက်ပါ။

ကြယ်စင်

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ