အပျော်ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်တဲ့ အဓိကပြဿနာလေးချက်

သင်ဟာ ဆေးလိပ်ကို
တစ်ခါတစ်လေပဲ သောက်တဲ့လူဖြစ်ရင်ဖြစ်မယ်၊ ဘော်ဒါတွေနဲ့ ဆုံတုန်းပဲ သောက်တဲ့လူ ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ဘီယာလေးအရက်လေးဝင်ပြီးမှ ဆေးလိပ်လေးဖွာမိတဲ့လူဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ဒီလို အပျော်ဆေးလိပ်သောက်ခြင်းကလည်း ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းအရာတစ်ခု ဖြစ်ပါတယ်။

ဆေးလိပ်လေး တစ်လိပ်သောက်သုံးခြင်းကတောင် သင့်ရဲ့ အဆုတ်တွေကို ထိခိုက်ပျက်စီးစေတဲ့အပြင် သင့် ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းမျှတမှုကိုပါ ပျက်ယွင်းစေပါတယ်။ ဒါအပြင့် အောက်ပါ ရောဂါအဆင့်တွေ အထိပါ ဦးတည်နိုင်ပါတယ်။

၁။ မျိုးဥမအောင်ခြင်း

ရှူသွင်းလိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့ တွေက သင့်ရဲ့ မျိုးဥတွေကို ပျက်စီးစေနိုင်ပါတယ်။ အက်စတိုဂျင် ထုတ်လုပ်မှုကို လျော့ကျစေပြီး DNA မျိုးဥကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါဟာ မျိုးမအောင်ခြင်းနဲ့  သွေးဆုံးချိန်ကို စော စေနိုင်ပါတယ်။

၂။ရင်သားကင်ဆာ

စီးကရက်တွေမှာပါတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေက ရင်သားဆဲလ်တွေကို ကင်ဆာဆဲလ်တွေအဖြစ် သို့  ပြောင်းလဲစေနိုင်ပါတယ်။ အမျိုးသားကင်ဆာသုတေသနတက္ကသိုလ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့  ရှိမှုတစ်ခုအရ ဆေးလိပ်သောက်သုံးဖူးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်း ပိုများတာကို တွေ့ ရတယ်လို့ ဆိုပါတယ်။

၃။ အူမကြီးကင်ဆာ

အမျိုးသမီးတစ်ယောက်ဟာ ဆေးလိပ်သောက်သုံးဖူးရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ အန္တရာယ် ၁၉ ရာခိုင်နှုန်း အထိ ပိုမြင့်တက်နိုင်ပါတယ်။ ဒါဟာ ဆေးလိပ်သောက်သုံးတဲ့အမျိုးသားထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ နှစ်ဆ ပိုများတာပါ။ ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားတစ်ယောက်မှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ၈ ရာခိုင်နှုန်း ရှိပါတယ်။

၎။ DNA ပျက်စီးမှု

Stem Cell ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတွေ့ ရှိမှုအရ ဆေးလိပ်သောက်သုံးသူတွေရဲ့ အဆုတ်ဆဲလ်အတွင်းမှာ ကင်ဆာရောဂါအဆင့်ကို ကူးပြောင်းနိုင်တဲ့ ဆဲလ်ပြောင်းလဲမှုတွေကို တွေ့ ရှိခဲ့ရ ပါတယ်။

ဆေးလိပ်သောက်သုံးသူတွေဟာ အပြင်ပန်းအားဖြင့် ကျန်းမာတဲ့အနေအထားမှာ ရှိတယ်လို့ ထင်ရပေမယ့် သူတို့ ရဲ့ ဆဲလ်တွေကတော့ ရောဂါတစ်ခုခုကို သယ်ဆောင်လာနိုင်ပါတယ်။

Ref: womenshealthmag.com

Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ