ဇရာ၏ထုထောင်းမှုကို သဘာဝနည်းစနစ်များဖြင့် ရင်ဆိုင်အံတုခြင်း


အသက် (၄၀) ကျော်ရင် ဘ၀စတယ်ဆိုတာ ဆိုလိုရင်းတော့အတော်များမယ်ထင်ပါတယ်။ ဒီအရွယ်မှာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတတ်ပါတယ်။ မဖျားဘဲ၊မနာဘဲ အထိုင်များလို့ 
ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ ဖြစ်စေ၊ အစားမှားလို့ ဖြစ်စေပေါ့။ တစ်ကိုယ်လုံး တုပ်ကွေးမိထားသလို နာကျင်ကိုက်ခဲနေမယ်၊ ကြွက်သားတွေကလည်း အားမရှိတဲ့နေရာနဲ့ ၊ မာတောင့်နေတဲ့နေရာနဲ့ ၊ အရွတ်တွေကလည်းနာ၊ ဇက်ကြောတွေလည်းတက်၊ အိပ်လို့ ကမရနဲ့  အသက် (၄၀)ကျော်မှဘ၀စတယ်ဆိုတာ ဒါမျိုးများလားဆိုပြီး လူလတ်ပိုင်းတွေ ညဉ်းညူဖူးကြ မှာပါ။ ဆေးကလည်း ဘာသွားသောက်ရမှန်းမသိ။

ကိုယ်တိုင်လုပ်လို့ မရပေမယ့် စိတ်ချရတဲ့နေရာရှိရင် အပ်စိုက်ကုထုံးနဲ့  အဆင်ပြေပါတယ်။ အပ်စိုက်ပညာရှင်တွေက ခန္ဓာကိုယ်ရဲ့  အကြောအခြင်တွေဆုံတဲ့နေရာတွေကို အပ်စိုက်ထားပြီး လျှပ်စစ်ဓါတ်အားလွှတ်ပေးပါတယ်။ တစ်ဖက်ကအပ်စိုက်ပြီး တစ်ဖက်က လျှပ်စစ်ဓါတ်အား လွှတ်ထားပေးလိုက်တဲ့အခါ နာကျင်မှုတွေအတော့်ကို သက်သာသွားလေ့ရှိသလို ကြုံလှီနေတဲ့ အကြောတွေကိုလည်း ပြန်လည်သန်စွမ်းစေနိုင်ပါတယ်။

ယောဂလေ့ကျင့်ခန်းတွေကတော့ စိတ်ဖိစီးမှုကိုလျှော့ချဖို့ နဲ့  ကြွက်သားတွေကိုနူးညံ့ပျော့ပြောင်း စေဖို့  အကောင်းဆုံးထဲမှာပါပါတယ်။ နာကျင်မှုကိုလျော့စေပြီး စိတ်ကိုတည်ငြိမ်စေသလို စိတ်ဖိစီး မှုကိုဖြစ်စေတဲ့ ကော်တီစောဟိုမုန်းကိုလည်း အသွင်ပြောင်းစေနိုင်ပါတယ်။

ကြွက်သားနာကျင်ကိုက်ခဲမှုအတွက် အပူပေးတဲ့သဘာဝကုထုံးကလည်း သင့်တော်ပါတယ် ။ သွေး ကောင်းကောင်း မလျှောက်လို့  မာတောင့်ပြီးနာကျင်ကိုက်ခဲနေတဲ့ကြွက်သားတွေအတွက် ရေနွေး ပူပူနဲ ရေချိုးပေးခြင်း၊ အ၀တ်အစားတွေကိုမ၀တ်ခင် ဆံပင်လေမှုတ်စက်နဲ့  ပူအောင်လုပ်ပြီးမှ ၀တ်ခြင်း ၊ ဒါမှမဟုတ်အီလက်ထရွန်းနစ်အပူပေးကိရိယာတွေကိုအသုံးပြုခြင်းနဲ့  သက်သာစေနိုင်ပါ တယ်။
ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဒီ ကျဆင်းနေရင်လည်း နာကျင်ကိုက်ခဲပါတယ်။ ဗိုက်တာမင်ဒီကို အကောင်းဆုံး ရနိုင်တဲ့အရင်းအမြစ်က နေရောင်ခြည်ပါ။ မနက်နေရောင်ခြည်နုလေးကို နေပူစာ လှုံပေးပါ။

နှိပ်နယ်တာကတော့ ကောင်းတာပေါ့။ ဒါပေမယ့် ကြာရှည်မသက်သာတာဆိုးတာပါ။ နှိပ်တုန်းခဏ ပဲသက်သာတာပါ။ သို့ သော် ကိုယ့်ကို အချိန်မှန် ခြေဆုပ်လက်နယ်ပြုပေးနိုင်သူရှိရင်တော့ အလွန်အဆင်ပြေမှာပါ။ ခန္ဓာကိုယ်မှာ မက်ဂနီစီယမ်ချို့ တဲ့ရင်လည်း နာကျင်ကိုက်ခဲလွယ်ပါတယ်။ မက်ဂနီစီယမ်အား ဖြည့် ဆေးတောင့်လေးတွေ ၀ယ်သောက်လို့ ရပါတယ်။ နောက်ပြီး ငရုတ်သီးအပွတောင့်ကြီး တွေကို ချက်စားပေးပါ။ ဒီငရုတ်သီးအပွတွေဟာ နာကျင်မှုသံသရာကို အနှောက်အယှက်ပေး ပါတယ်။ နာကျင်မှုကိုလည်းသက်သာစေပါတယ်။

အခုနောက်ပိုင်း Biofeedback ဆိုတဲ့နည်းစနစ်တစ်မျိုးကိုလည်း စမ်းသပ်နေကြပါတယ်။ ခန္ဓာ ကိုယ်ရဲ့  ဇီဝလက္ခဏာတွေဖြစ်တဲ့ အရေပြားအပူချိန်၊ ကြွက်သားတင်းမာမှု အစရှိတာတွေကို အချက်ပြ စနစ်အဖြစ် အသုံးပြုပြီး စိတ်နဲ့  နာကျင်မှုကိုထိန်းချုပ်နိုင်မယ့်စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ် ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုလေ့ကျင့်ရမယ် ဆိုတာကို တိတိကျကျဖော်ပြထားခြင်း မရှိသေးပါဘူး။နှစ်ခြိုက်စွာအိပ်ပျော်ဖို့  မယ်လတိုနင်းပါတဲ့အစားအစာတွေကို စားကြပါတယ်။ ဒါပေမယ့် မယ်လတိုနင်းက နာကျင် ကိုက်ခဲမှုအတွက်လည်း ကောင်းပါတယ်။ နာကျင်ကိုက်ခဲမှုကြောင့် အိပ်မရတာဆိုတော့ မယ်လတို နင်း သောက်လိုက်ရင် နှစ်မျိုးလုံးအတွက် ကောင်းသွားတာပေါ့။

နာနတ်သီး၊ငှက်ပျောသီး၊လိမ္မော်သီး၊၀က်သစ်ချသီး၊ပြောင်းဖူး၊ဆန်၊ခရမ်းချဉ်သီး၊ဘာလီစေ့ တို့  ဟာ မယ်လတိုနင်းဓါတ် ပေါကြွယ်ဝကြပါတယ်။
ကျောရိုးနဲ့ အဆစ်အမြစ်ကို နားလည်တတ်ကျွမ်းသူတွေနဲ့  နှိပ်နယ်ပြုပြင်တာလည်း လုပ်ကြပါ တယ်။ ကျောရိုးအနေအထား ကာလရှည်ကြာမှားယွင်းလာတော့ အာရုံကြောညှပ်တာတွေဖြစ်ပါ တယ်။ ကျောရိုးအာရုံကြောညှပ်တော့ ခါးနာ၊ခါးကိုက်ပါတယ် ။ ခြေထောက်အထိ ပါသွားပြီး ခြေ ထောက် ထုံတာ၊ကျင်တာ၊ ခွေလဲကျတာတွေ ဖြစ်တတ်ပါတယ်။

အဲဒါ ကျောရိုးကိုတည့်မတ်စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးရင် ပြန်သက်သာပါတယ်။ ဒီတော့ အသက် (၄၀)ကျော်ရင် ဘ၀စတယ်ဆိုတာ အဓိပ္ပါယ်သက်ရောက်မှု အမျိုးမျိုးရှိတာ အမှန်ပါပဲ။ ဘ၀တစ်သက်တာပြင်ဆင်ပြီးလို့  အေးအေးဆေးဆေးနေလို့  ရတော့မယ်လည်းဖြစ်နိုင်သလို အခု ဖော်ပြ ခဲ့သလိုပဲ နာကျင်ကိုက်ခဲမှုပေါင်းမြောက်များစွာကို ဆေးသောက်ရမှာလိုလို၊ အစားရှောင်ရမှာလိုလို၊ လေ့ ကျင့်ခန်းလုပ်ရမှာလိုလိုနဲ့  မရဲတရဲကျော်ဖြတ်နေရတဲ့ နေ့ တွေရက်တွေ ရဲ့ အစလည်း ဖြစ်နိုင် ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ