ဗီတာမင်ဒီကို ဘာကြောင့် လိုအပ်သလဲ

ဗီတာမင်ဒီဟာ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ် စုပ်ယူရေးနဲ့ ဇီဝရုပ် ဖြစ်ပျက်မှုတို့အတွက် အရေးပါ ပါတယ်။ ကယ်လစီယမ်နဲ့ ဗီတာမင်ဒီတို့ဟာ လုပ်ငန်းအမျိုးမျိုး၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရိုးတည်ဆောက်မှုတို့ကို လုပ်ဆောင်ပါတယ်။

- ဗီတာမင်ဒီဟာ ကိုယ်ခံစွမ်းအားစနစ် ဟန်ချက်ညီမျှရေးအတွက် အရေးပါ ပါတယ်။

- အအေးမိတာလို ဝေဒနာတွေ ကင်းစေဖို့ ကိုယ်ခံစွမ်းအားစနစ် ကောင်းအောင် ဗီတာမင်ဒီက လုပ်ဆောင်ပေးတယ်လို့ ကော်လိုရာဒို ဆေးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

- ဗီတာမင်ဒီဟာ နာတာရှည် နာ့ဗ်ကြောဖွဲ့ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒီရောဂါက နေရောင်ခြည် များများရရှိတဲ့ ဒေသတွေမှာ အဖြစ်နည်းပါတယ်။

- ဗီတာမင်ဒီဟာ အသက်ကြီးရင့်လာချိန်မှာ ဦးနှောက် ကောင်းကောင်း အလုပ် လုပ်ဖြစ်စေရေးအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်လို့ အသက် ၄၀ နဲ့ ၇၉ နှစ်ကြား ဥရောပအမျိုးသား သုံးထောင်ကို လေ့လာမှုအရ သိရပါတယ်။

- ဗီတာမင်ဒီဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ရရှိရေးအတွက် အရေးပါတယ်လို့ ဂျော်ဂျီယာ ဆေးကောလိပ်မှာ ပြုလုပ်တဲ့ သုတေသနအရ သိရပါတယ်။

- ဗီတာမင်ဒီဟာ ပန်းနာရင်ကျပ်ရောဂါ ဝေဒနာတွေကို လျော့ကျစေပြီး ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေကို လျော့ကျစေတယ်လို့ ကလေး ၆၁၆ ဦးကို လေ့လာမှုအရ ဟားဗတ် ဆေးကျောင်း သုတေသီတွေက တွေ့ရှိထားပါတယ်။ ဗီတာမင်ဒီဟာ အမျိုးသမီးတွေမှာ ရူမတွိုက် အဆစ်ရောင်နာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

- ဗီတာမင်ဒီဟာ မပြင်းထန်တဲ့ ဓာတ်ရောင်ခြည် အဆင့်ကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ခန္ဓာကိုယ်ကို ကာကွယ်ပေးတယ်လို့ နယူးရော့ခ် ကျန်းမာရေး ဌာနက ဆိုပါတယ်။

- ဗီတာမင်ဒီအဆင့် အလုံအလောက် ရှိတဲ့သူတွေက အဆင့်နည်းသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျမှုရှိကြောင်း လေ့လာမှုများစွာက ဆိုပါတယ်။ ကင်ဆာလူနာတွေမှာ ဗီတာမင်ဒီ ချို့တဲ့မှု အဖြစ်များကြောင်း အမေရိကန် ကင်ဆာ ကုသမှုစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။

နေရောင်ခြည်နှင့် ဗီတာမင် ဒီလိုအပ်ချက်

အပူပိုင်းဒေသတွေမှာ နေထိုင်ပြီး တစ်ပတ်မှာ ၁၅ မိနစ်လောက် နေခြည်နုနုကို ခံယူပေးရင် သင့်ခန္ဓာကိုယ်က ဗီတာမင်ဒီကို အလုံအလောက် ထုတ်လုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဗီတာမင်ဒီ ထုတ်လုပ်မှု ဖြစ်စဉ်ကို လျော့ကျစေတဲ့ အချက်တွေကတော့-

- အီကွေတာနဲ့ ဝေးတဲ့အရပ်မှာနေပြီး တစ်နှစ်မှာ လပေါင်းများစွာ နေရောင်ခြည်နဲ့ ထိတွေ့မှု လျော့နည်းတာ၊
- တိမ်တွေ အုံ့ဆိုင်းနေတာ၊
- မီးခိုးတွေ ရှိနေတာ၊
- နေကာခရင်မ် လိမ်းတာတို့ပဲ ဖြစ်ပါတယ်။

နေရောင်ခြည်ကနေ ဗီတာမင်ဒီကို အလုံအလောက် မရရှိရင် အစားအသောက်နဲ့ ဖြည့်စွက်ဆေးတို့မှ ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေက ဗီတာမင်ဒီ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
photo copy from google search

 မြန်မာ့ရောင်စဉ် 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ