သကြားမုန်လာဥနီရဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်များ


မုန်လာဥဆိုရာမှာ ချဉ်ဟင်းချက် စားလေ့ရှိတဲ့ မုန်လာဥဖြူ (raddish)၊ အစိမ်းကြော်တွေမှာ ထည့်ကြော်စား လေ့ရှိတဲ့ မုန်လာဥနီ (carrot အမှန် တော့ မုန်လာဥဝါလို့ခေါ်ရမှာ ဖြစ်ပါ တယ်)

တို့ကိုပဲ လူသိများပြီး သကြား မုန်လာလို့ခေါ်တဲ့ beetroot ကိုတော့ လူသိနည်းကြပါတယ်။ ဒီသကြားမုန် လာဥနီကို ကြံမစိုက်ပျိုးနိုင်တဲ့ ဒေသ တွေမှာ သကြားချက်ဖို့ အသုံးပြုကြ တာဖြစ်ပါတယ်။

သကြားမုန်လာရဲ့ အစွမ်းသတ္တိတွေကတော့ -
- သကြားမုန်လာဥရည်တစ်ခွက်ကို သောက်ပေးခြင်းဟာသွေးတိုးကျစေပါတယ်။
- နေ့စဉ်သောက်သုံးပေးမယ် ဆိုရင် တော့ ဦးနှောက်ကို သွားတဲ့သွေးလှည့် ပတ်မှုကို ကောင်းမွန်စေပြီး အသက် ကြီးလာရင်ဖြစ်တတ်တဲ့ မှတ်ဥာဏ်ချို့ ယွင်းခြင်းကို သက်သာစေပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ကင် ဆာကျိတ်တွေဖြစ်ပေါ်လာမှာကို ကာ ကွယ်ပေးနိုင်ပါတယ်။
- သကြားမုန်လာရည်ဟာ အသည်း ကို အဆိပ်အတောက်သင့်စေခြင်းက ကာကွယ်ပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
- အသက်ကြီးသူတွေကို စွမ်းအင်ပို မိုမြှင့်တင်ပေးနိုင်ပြီး သွေးကြောကျဉ်း ခြင်း၊ြွကက်သားများ အားနည်းလာ ခြင်းတွေကို ကာကွယ်ပေးနိုင်ပါ တယ်။   
- ဖောလစ်အက်ဆစ်ဓာတ်တွေ ပါ ဝင်နေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်များ သောက်သုံးပေးသင့်ပါ တယ်။
- ကိုလက်စတီရောကို ကျဆင်းစေပါ တယ်။

ငြိမ်းအေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ