သင့်အနားမှာ အလွယ်တကူရနိုင်မယ့် အစားအစာတွေနဲ့ ပဲ အရက်နာကျခြင်းကို ကုသလိုက်ပါ
ခင်ဗျားတို့ ညက အရမ်းပျော်ခဲ့ကြတယ်ဟုတ်။ အခု အဲဒီ့အတွက် ခင်ဗျားပြန်ပေးဆပ်နေရပြီလား။ အားလပ်ရက် ဆိုတာ အရက်သေစာကြိုက်သူတွေအတွက် အကောင်းဆုံးရက်တွေပေါ့။ ချမ်းအေးတဲ့ရာသီလည်းဖြစ် ၊ အားလပ်ရက်တွေကလည်းများ၊ အဖော်အပေါင်းတွေကလည်း စုံကြပြန်တော့ ညတွေမှာ အလွန်အကျွံသောက်မိ ဖို့ ဆိုတာမဆန်းပါဘူး။ ဒါပေမယ့် မနက်ရောက်ရင် ခံစားရတဲ့ အရက်နာကျတယ်လို့ ခေါ်ကြတဲ့ ခံစားမှုကိုတော့ ဘယ်သူမှ နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒီအရက်နာကျမှုကို သက်သာစေမယ့် အစားအစာတွေကို ရှာဖွေကြည့် ရအောင်။
၁။ ဥ များ
ဥတွေဆိုတာ အကောင်းဆုံး အဆိပ်အတောက်ဖြေနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဗိုက်တာမင် ဘီဓာတ် များတဲ့ အစားအစာဖြစ်တဲ့ ဒီ ဥ (ကြက်ဥ၊ဘဲဥအစရှိသဖြင့်) တွေဟာ အရက်နာကျရင်ခံစားရတဲ့ လက္ခဏာ တွေကို သက်သာစေတယ်လို့ ဆေးဘက်ဆိုင်ရာလေ့လာမှုတစ်ရပ်က တွေ့ ရှိခဲ့ပါတယ်။ ဒါ့အပြင် အာဟာရဓာတ် အမြောက်အမြားနဲ့ ရေဓာတ်ပါဝင်တဲ့ ဒီအစားအစာဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေကိုလည်း အလျင်အမြန် ပြန်လည်ဖြည့်တင်းပေးနိုင်တယ်လို့ ဆိုပါတယ်။
၂။ အုန်းရေ
 အယ်လ်ကိုဟောမော်လီကျူးတွေဟာ ရေကို နှစ်သက်ပါတယ်။ ဒါကြောင့် အယ်ကိုဟော ပါတဲ့ ဘယ်လိုအရက် အမျိုးအစားကိုပဲ ခင်ဗျား သောက်ခဲ့ သောက်ခဲ့ အယ်ကိုဟောမော်လီကျုးတွေက ခင်ဗျားခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေကို  ဆုပ်ယူသွားပါလိမ့်မယ်။ ရလဒ်ကတော့ ခင်ဗျားရဲ့ ဦးနှောက်အပါအ၀င် ခန္ဓာကိုယ် တစ်ခုလုံးဟာ ရေဓာတ်ခန်းခြောက်သွားမှာပါ။ ဒါကြောင့် ရေဓာတ်ကို ပြန်လည်ဖြည့်ပေးဖို့ အရေးကြီးပါတယ်။ ဒီလိုအချိန်မှာ အားဖြည့်အချိုရည်တွေ သောက်သုံးခြင်းထက် သကြားဓာတ်နည်းတဲ့ အုန်းရေလို အသီးအနှံအရည် သောက်သုံးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
၃။ ဂျင်း
မနက်နိုးလို့ ခေါင်းတွေ နောက်ကျိခါခါလည်ဖြစ်နေပြီဆိုရင်တော့ ဂျင်း လက်တစ်ဆစ်လောက်လေးဖြစ်ဖြစ် စားသုံးကြည့်ပါ။ ဂျင်းဟာ အစာမကြေ၊အပူအပုပ်၊ ဂတ်စ်၊ စတာတွေကို ကင်းစင်စေပြီး ၀မ်းမှန်တယ်။ အစာ ခြေဖျက်မှုကောင်းတယ်။ ဒါ့အပြင် အော့အန်မူးဝေ တာကိုလည်း သက်သာစေပါတယ်။ ဂျင်းပြုတ်ရည် သောက်သုံးခြင်းဟာလည်း အရက်နာကျခြင်းကို နိုင်နင်းတဲ့ အကောင်းဆုံးနည်းတစ်နည်းပေါ့။
၎။ ခရမ်းချဉ်သီး ဖျော်ရည်
၅။ ငှက်ပျောသီး
အထက်မှာ ပြောခဲ့သလို အယ်ကိုဟောဟာ ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေကို ဆုပ်ယူတဲ့အပြင် ဆီး များများလည်း သွားစေပါတယ်။ အိမ်သာထဲကို ခင်ဗျားရဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို စွန့် ပစ်လိုက်သလိုပါပဲ။ ပိုတက်ဆီယမ်ဓာတ် နည်းခြင်းက အားနည်းမှု ၊ကြွက်သားတွေ တုန်လှုပ်မှု ၊ သွေးအားများမှု တွေကို ဖြစ်စေပါတယ်။ စိတ်မပူပါနဲ့ အလွယ်တကူ ၀ယ်လို့ ရတဲ့ ငှက်ပျောသီးတေါက ခင်ဗျားရဲ့ ပိုတက်ဆီယမ် ပမာဏ ကို ပြန်လည်ရရှိစေပြီး အရက်နာကျခြင်းရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။
၆။ ကညွတ်
အယ်ကိုဟောဓာတ်ကို ခြေဖျက်နိုင်တဲ့ အင်ဇိုင်းတွေကို ကညွှတ် ပင်တွေမှာ တွေ့ ရှိရတယ်လို့ ကိုရီးယား သုတေသန တစ်ရပ်က ဖော်ပြခဲ့ပါတယ်။ အရက်နာကျတဲ့အချိန်မှာ ကညွတ်ပင် တစ်ပင်နှစ်ပင် လောက် စားသုံးပေးခြင်းက အဆိပ်အတောက်ဓာတ်တွေကို ပယ်ဖျက်နိုင်ပြီး အရက်နာကျတဲ့ ခံစားမှုကို သက်သာ စေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
၇။ ကော်ဖီင်္
ကော်ဖီဟာ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် အရက်နာကျတာကို ကုသမယ့် အစားအစာတစ်ခု မဟုတ်ပါဘူး။ ကော်ဖီကိုယ်တိုင်က ရေဓာတ်အနည်းငယ်ခန်းခြောက်နိုင်တဲ့အတွက် ကော်ဖီတစ်ခွက်သောက်ပြီးတိုင်း ရေတစ်ခွက် သောက်သုံးပေးသင့်ပါတယ်။ အရက်နာကျတဲ့ ခေါင်းကိုက် ခံစားမှုထက် ဆိုးတာက အရက်နာကျတဲ့ခေါင်းကိုက်ခံစားမှုရယ် ကဖင်းဓာတ်ဆာလောင်မှုရယ် နှစ်ခုပေါင်းပါပဲ ။ ခင်ဗျားဟာ မနက်တိုင်း ကော်ဖီသောက်သုံးတတ်တဲ့အကျင့်ရှိတဲ့သူဆိုရင် ကဖင်းဓာတ်ဆာလောင်မှုကို သတိထားမိမှာပါ။ ကော်ဖီသောက် လိုက်မှ အလုပ်လုပ်နိုင်တာမျိုး၊ အာရုံစူးစိုက်နိုင်တာမျိုးပေါ့။ ဒါကြောင့် အရက်အလွန်အကျွံသောက်ပြီး မနက်မိုးလင်းလာရင် ကော်ဖီတစ်ခွက်လောက် သောက်ပေးပါ။ ကော်ဖီသောက် ပြီးတိုင်း ရေသောက်ဖို့ လည်း မမေ့ပါနဲ့ အုန်း ။ တကယ်လို့ ခင်ဗျားမှာ မနက်ကော်ဖီသောက်တတ်တဲ့ အကျင့်ရှိ ရင်တော့ ဒီအချက်က မလိုပါဘူး ။အပေါ်က ခြောက်ချက်ထဲက တစ်ချက်၊နှစ်ချက်လောက် လုပ်ပေးရင်ကို အရက်နာကျတယ်ဆိုတဲ့ ခံစားရမှုကြီးကို သက်သာစေမှာပါ။ ကဲ ဒီနည်းတွေကို အကုန်သေချာဖတ်ပြီးပြီ ဆိုရင်တော့ နောက်တစ်ခေါက် အလွန်အကျွံထပ်သောက်နိုင်ပါပြီ။
Ref: www.details.com
Ye Wint Aung
Trend Myanmar 
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ