ကလေးငယ်များ အိပ်ရာဝင်နောက်ကျခြင်းသည် ဦးနှောက်စွမ်းရည် ကျဆင်းစေ


အိပ်ရာဝင်နောက်ကျခြင်းသည် ကလေးငယ်များ၏ ဦးနှောက်စွမ်းရည်ဖွံ့ ဖြိုးမှုကို ကျဆင်းစေကြောင်း သုတေသီများက တွေ့ ရှိခဲ့သည် ။
သုတေသီများသည် ဗြိတိန်နိုင်ငံအတွင်းရှိ အသက် ခုနှစ်နစ်အရွယ် ကလေးငယ် ၁၁၀၀၀ ကျော်ကိုလေ့လာခဲ့ရာ အိပ်ရာဝင်ချိန်ပုံမှန်မထားတတ်သည့် ကလေးငယ်များနှင့် ည ၉ နာရီကျော် အချိန်မှ အိပ်ရာဝင်လေ့ရှိသည် ကလေးငယ်များသည် စာဖတ်ခြင်းနှင့် သချာင်္ဘာသာရပ်တွင် အားနည်းကြောင်းတွေ့ ရှိခဲ့ကြသည်။

ညအိပ်ချိန်ပုံမှန်မရှိခြင်းနှင့် အအိပ်ပျက်ခြင်းတို့ သည် ကိုယ်ခန္ဓာ၏ ပုံမှန်လှုပ်ရှားမှုများနှင့်လေ့လာမှု အသစ်များကို သင်ယူရာတွင် ထိခိုက်စေကြောင်း ပါမောက္ခအာမန်ဒါဆက်ကာက ပြောကြားခဲ့ပါသည်။
သုတေသီများသည် ကလေးငယ်များကို သုံးနှစ်အရွယ် ၊ ငါးနှစ်အရွယ်နှင့် ခုနစ်နှစ်အရွယ်ဟူ၍ သုံးကြိမ်ခွဲလေ့လာခဲ့ကြပြီး သုံးနှစ်အရွယ်ကလေးငယ်များသည် များသောအားဖြင့် ညအိပ်ချိန်ပုံမှန်မရှိကြောင်းနှင့် ခုနစ်နှစ်အရွယ်ကလေးငယ်ထက်ဝက်ခန့် မှာမှု ည ၇ နာရီခွဲနှင့် ၈ နာရီအကြားတွင် အိပ်ရာဝင်လေ့ရှိကြောင်းကို တွေ့ ရှိခဲ့ကြသည်။

ထို့ ကြောင့် အိပ်ယာဝင်ချိန်ပုံမှန်မရှိသည့် ကလေးငယ်များသည် ပုံမှန်အိပ်ရာဝင်လေ့ရှိသည့်ရွယ်တူကလေးများနှင့်နှိုင်းယှဉ်မည်ဆိုပါက စာဖတ်ခြင်းနှင့်သချာင်္ဘာသာရပ်တွင် ပိုမိုအားနည်းလေ့ရှိသည်ဟု ဆက်လက်ပြောကြားသည် ။

ကလေးငယ်အများစုသည် ယေဘုယျအားဖြင့် ညအချိန်တွင် ရုင်မြင်သံကြား ကြည့်ရှု့ လေ့ရှိခြင်းကြောင့် လေ့လာသင်ယူမှု့ အားနည်းလာသည့်အပြင် ပုံမှန်အိပ်ချိန်ကို သတ်မှတ်ရာတွင်လည်း အဟန့် အတားဖြစ်စေလျက်ရှိကြောင်း သုတေသီများက ပြောကြားထားသည်။

Mg Mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ