မြေထဲပင်လယ် အစားအစာများက အမျိုးသမီးများရဲ့ ကလေးရနိုင်ချေကို မြှင့်တင်ပေးနိုင်

မြေထဲပင်လယ်စတိုင် ချက်ပြုတ်ထားတဲ့ အစားအစာများကို စားသုံးပေးတဲ့ အမျိုးသမီးများဟာ ရင်သွေး ငယ်ရနိုင်ချေ မြင့်မားတယ်ဆိုတာကို လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ၊ Loyola University Health System မှ အာဟာရဗေဒပညာရှင်များက ဟင်းသီးဟင်းရွက်များ၊ ငါးနဲ့ပဲအမျိုးမျိုး တို့နဲ့ ထုံမွှန်းထားတဲ့ မြေထဲပင်လယ်အစားအစာတွေကို စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ ပဋိသန္ဓေရနိုင်ချေ မြင့်မားတယ်လို့ ထုတ်ဖော်ပြော ဆိုထားပါတယ် ။ လေ့လာ မှုခေါင်းဆောင် Brooke Schantz က “ကျန်းမာရေးရှုထောင့်အရ အာဟာရ တန်ဖိုး မြင့်မားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေထဲပင်လယ် အစားအစာတွေဟာ ရင်သွေးရနိုင်တဲ့အခွင့်အလမ်းကိုသာ များစေတာမဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း စားသုံးပေးမယ်ဆိုရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို စောင့်ရှောက်ပေးနိုင် ပြီး နောက် ဆက်တွဲ ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်”လို့ ပြောကြားထားပါတယ်။

မြေထဲပင်လယ် အစားအစာတွေမှာ မပါမဖြစ်ပါဝင်တဲ့ သံလွင်ဆီဟာ အမျိုးသမီးတွေ ကိုယ်ဝန် ရနိုင်ချေကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးဟာ ပြည့်ဝဆီ ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပြီး အသားကရတဲ့ ပရိုတင်းထက်စာရင် ဟင်းသီးဟင်းရွက် ကရတဲ့ ပရိုတင်းကို စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာပါဝင်တဲ့ အာဟာရဗေဒပညာရှင်များ ကတော့ ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးများကို တို့ဖူး၊ ပဲပြား၊ ပဲတောင့်ရှည်နဲ့ အစေ့အဆန်တွေကို ပိုမိုစားသုံးပေးဖို့ တိုက်တွန်းထားပါတယ်။

Brooke Schantzuက “ကိုယ်ဝန်အောင်မြင်စွာရယူနိုင်ဖို့ အိမ်ထောင်ဖက်အမျိုးသားများရဲ့ ကိုယ်အလေးချိန်ကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတိုင်းအတာအတွင်းမှာ ရှိဖို့လိုအပ်ပြီး အ၀လွန်နေခြင်းမရှိရပါဘူး။ အ၀လွန်ခြင်းဟာ သုက်ကောင်များရဲ့ အရည်အသွေးကို ထိန်းချုပ်တဲ့ ကျားဟော်မုန်းတွေ ကိုထိခိုက်မှုရှိစေလို့ပဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။

သက်နှင်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ