အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်း ထိ လျှော့ချပေးနိုင်

အစိမ်းရောင်ရှိ အသီးအရွက်များအား စားသုံးခြင်းသည် အမျိုးသမီးများ၌ ဓမ္မတာ မလာမီ ခံစားရသည့် ဝေဒနာများအား ၄ဝ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။ အပင်များတွင် တွေ့ရှိရသည့် non-heme အမည်ရှိ သံဓာတ်အား

သိပ္ပံပညာရှင် များမှ သေချာစွာ လေ့လာ ဆန်းစစ် ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များသည် ၎င်းသတ္တုဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစားအသောက် များကို စားသုံးသည့် အမျိုးသမီးများအား ၁ဝ နှစ် ကြာ လေ့လာခဲ့ရာ ၎င်း အမျိုးသမီး များတွင် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများအား သိသာစွာ လျှော့ ချ ပေးနိုင်ခဲ့ကြောင်း တွေ့ရှိ ခဲ့ကြ သည်။

ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာ များမှာ အမျိုးသမီး တစ်ဦး၏ ရာသီ စက်ဝန်းတွင် တစ်လမပြည့်ခင် နှစ်ပတ် အလို၌ ခံစားရလေ့ ရှိပြီး ၎င်းတို့မှာ ဆီးမထိန်းနိုင်ခြင်း၊ ရင်သား နာကျင်ကိုက်ခဲ ခြင်း၊ စိတ်ကယောင် ချောက်ချားဖြစ်ခြင်း၊ စိတ်ခံစား လွယ်ခြင်းနှင့် လိင်ဆက်ဆံမှုတွင် စိတ်ဝင်စားမှု နည်းပါး ခြင်းတို့ ဖြစ်သည်။

သုတေသန ပညာရှင်များသည် ပထမဦးစွာ သတ္တုဓာတ် ပါဝင်မှုနှင့် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လက္ခဏာများ ဆက်စပ်မှုအား အမျိုးသမီးပေါင်း ၃ဝဝဝ အပေါ်၌ အကဲဖြတ် လေ့ လာခဲ့သည်။ လေ့လာမှုတွင် ပါဝင်သည့် ၎င်း အမျိုးသမီးများသည် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါ လကဏ္ခာ များ ကြုံတွေ့ ခံစားရသူများ မဟုတ်ပေ။ ၁ဝ လကြာ ကာလအတွင်း ၎င်း အမျိုး သမီးများ စားသုံးသည့် အစားအစာများကို လေလ့ာခဲ့ရာ အမျိုးသမီး ၁ဝ၅၇ ဦးမှာ ရောဂါဝေဒနာ ခံစားခဲ့ရပြီး non-heme သံဓာတ် ပါဝင်သည့် အစားအစာ များကို အများဆုံး စားသုံးသူ အမျိုးသမီး ၁၉၆၈ ဦးမှာ အဆိုပါ ရောဂါ ဝေဒနာ မခံစားရကြောင်း တွေ့ရှိခဲ့ကြသည်။ Non-heme သံဓာတ် ပြည့်ဝသော အစားအစာများမှာ အနက်ရောင်နှင့် အစိမ်းရောင်ရှိ အရွက်များ၊ သစ် သီးခြောက် များ၊ ကောက်ပဲသီးနှံများ၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ် ကဲ့သို့သော မုန်လာထုပ်၊ အစိမ်းရောင်ရှိ ပန်းဂေါ်ဖီထုပ်နှင့် အစိမ်းရောင် ပဲသီးများ ဖြစ်ကြသည်။ ။

ငြိမ်းချမ်း

 မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ