ကိုယ်ဝန်ဆောင်များ နို့သောက်ပေးခြင်းက ရင်သွေးငယ် အရပ်ရှည်စေနိုင်

ကိုယ်ဝန်ဆောင်ကာလမှာ နွား နို့သောက်သုံးပေးတဲ့ မိခင်တွေက မွေးဖွားတဲ့ ရင်သွေးငယ်တွေ ဟာ နွား နို့မသောက်တဲ့ မိခင်တွေရဲ့ ရင်သွေး ငယ်တွေထပ်ပိုအရပ်ရှည် တယ်လို့ သုတေသန တစ်ရပ် မှာ ဖော်ပြထားပါ တယ် ။ယခင်လေ့လာမှုများအရ မိခင် လောင်းတွေ နွားနို့သောက်သုံးပေးရင် ကလေးငယ် ကို အလေးချိန်တိုးပြီး လျင် လျင်မြန်မြန်ကြီးထွားနိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါ တယ် ။

ကိုယ်ဝန်ဆောင်နေစဉ်ကအတွင်းမှာနေစဉ် ၁၅၀မီလီမီတာ (တစ်ပိုင့်ရဲ့ လေးပုံတစ်ပုံ) ပမာဏရှိ တဲ့ နွားနို့ကို သောက်သုံးပေးမယ်ဆိုရင် နွားနို့လုံး လုံးမသောက်သူ ၊ အဲဒီပမာဏ ထက် လျော့နည်း ပြီး သောက်သုံးတဲ့ မိခင် တွေရဲ့ ရင်သွေးငယ်တွေထက် အရပ် ပိုရှည်တဲ့ သားသမီးတွေကို ပိုင်ဆိုင် ခွင့်ရနိုင်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။

 ဒီလေ့လာ မှုမှာအမေရိကန်၊ ဒိန်းမတ်နဲ့ အိုက် စလန်နိုင်ငံက အာဟာရဗေဒ ပညာ ရှင်တွေဟာ ၁၉၈၈ခုနှစ်နဲ့ ၁၉၈၉ခုနှစ် အတွင်းမွေးဖွားခဲ့တဲ့ ကလေးငယ် ၈၀၉ ဦးရဲ့ မွေးကင်းစ အခြေအနေနဲ့ အသက် ၂၀ကျော်အရွယ်မှာ အရပ် အမြင့်ကို သုံးသပ်လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသုတေ သနအဖွဲ့ ဟာ နွားနို့ သောက်သုံးပေး တဲ့ မိခင်တွေရဲ့ ရင်သွေးငယ်တွေဟာ ဉာဏ်ရည်ပိုမို မြင့်မားတယ်ဆိုတာ သုတေသနပြုနိုင် ခဲ့ပြီးဖြစ်ပါတယ်။
လေ့လာမှုရလဒ်ကို European Journal of Clinical Nutrition မှာဖော်ပြထားတာဖြစ်ပါတယ်။

သန့်စင်
Health Updates Journal Vol.2, No.37


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ