သင့်အရေပြားကိုနို့ဆွတ်ပေးပါ။နို့ထဲမှာပါတဲ့ လက်တစ်အက်စစ် က သေသွားတဲ့ အရေပြား ဆဲလ်များကို ကွာကျစေတယ် ။ ဒါ့အပြင် အရေပြားရဲ့ရေငွေ့ထိန်းထားနိုင်တဲ့ စွမ်းရည်ကို တိုးတတ်စေနိုင်တယ်။ အ၀တ်စတစ်ခုကိုအေးတဲ့နို့ထဲစိမ်ပါ။ယင်းပိတ်စကို ထူးထူးခြားခြား ခြောက်သွေ့နေတဲ့၊ဒါမှမဟုတ် ကျိန်းစပ်နေတဲ့အရေပြားအပေါ် ၅ မိနစ်ကြာတင်ထားပါ။ နို့ရည်ကို ရေနဲ့ဆေးရာမှာ အသာအယာဆေးပါ ။ သို့မှသာလက်တစ်အက်စစ်အချို့ အရေပြားပေါ်မှာကျန်နေမှာဖြစ်တယ်။
အသားအရေခြောက်တာကို မြန်မြန်ပျောက်ဖို့ ရှားစောင်းလက်ပက်ဂျဲလ် (Aloe Vera Gel) ကို သုံးပါ ။ ယင်းဂျဲလ်ထဲမှာ သေသွားတဲ့ အရေပြားဆဲလ်များကို ဖယ်ရှားပစ်တဲ့အက်စစ်များ ပါဝင်တယ်။ ရှားစောင်းလက်ပက်ဂျဲလ်ကိုရဖို့အရွက်ကိုအောက်ခြေမှ ဖြတ်ယူပြီး ဓားဖြင့်ခွဲချလိုက်ပါ။ဂျဲလ်ကို ဇွန်း
တစ်ချောင်းနှင့်ခြစ်ယူပါ။
Alpha Hydroxy အက်စစ် များပါတဲ့မွိုင်ချာရိုက်ဇာ (Moisturizer) တစ်မျိုးကိုသုံးပါ ။ ယင်းတို့က အကြေးခွံလိုဖြစ်နေတဲ့အရေပြားများကို ဖယ်ရှားပေးပြီး အရေပြားကိုပျော့ပျောင်းစေတယ် ။ ယူရီးယား(Urea) ပါတဲ့လိမ်းဆေးတွေကလည်း အလားတူအကျိုးဆက်မျိုးရရှိစေပါတယ်။
ဦးလှမြင့်(ဂန္ဓမာ)
Ref: RD Home Remedies
သင့်အသားအရေခြောက်နေပါသလား
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin