ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်း တစ်မျိုး ဖြစ်သည့် ဗျစ်ပွင့် ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွား တတ်သည့် နှာစေးခြင်း များကို ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာ လေ့လာမှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက်တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။


မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ