ပုံမှန်သွေး လှူဒါန်းခြင်းက ပိုပြီး ကျန်းမာစေနိုင်


 သွေးပုံမှန်  လှူဒါန်းသူများဟာ ကင်ဆာနဲ့   နှလုံးတိုက်ခိုက်မှုကို သာမန်လူများထက် ပိုခံနိုင်ရည်ရှိပြီး ကျန်းမာစေနိုင်ကြောင်း သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဆေးပညာသုတေသနအရ သွေးအလှူရှင်များဟာ သာမန်လူများထက် ကင်ဆာနဲ့နှလုံးတိုက်ခိုက်မှုကို ၈၀% ပိုပြီး ကာကွယ်နိုင်တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီး Harsh Vardhan  က ပြောကြားလိုက်ပါတယ်။ အိန္ဒိယ သွေးသွင်းမှုဆိုင်ရာကောင်စီနဲ့ အပိုလို ဆေးရုံမှ  သွေးသွင်းကုသမှုဆိုင်ရာ ဆေးပညာဌာနရဲ့ ပူးပေါင်းလေ့လာမှုအရ အဆိုပါအချက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ နှစ်စဉ် သွေးယူနစ်ပေါင်း ၁၀သန်းကနေ ၁၁သန်းအထိ လိုအပ်နေပေမယ့် စုဆောင်းရရှိမှုက ယူနစ်ပေါင်း ၈.၅-၉ သန်းပဲရှိတာကြောင့် တစ်နိုင်ငံလုံးကို သွေးလှူဒါန်းဖို့နှိုးဆော်ရာမှာ  ကျန်းမာရေးဝန်ကြီးက အခုလေ့လာမှုအချက်ကို ဦးစားပေးပြောကြားခဲ့တာလည်း  ဖြစ်ပါတယ်။

သန့်စင်
ref;IANS
Health Updates Journal No. 125

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ