အသားဖြူဆေးက အရေးပြားကင်ဆာနှင့် အမြင်အာရုံ ထိခိုက်ခြင်းများ ဖြစ်စေနိုင်

လူမှုမီဒီယာများတွင် ကျယ်ပြန့်စွာ ကြော်ငြာနေသော အသားဖြူဆေးနှင့် လိမ်းဆေးကရင်မ်များသည် မျက်စေ့အမြင် ကွယ်စေမှု (သို့မဟုတ်) အရေးပြားကင်ဆာကဲ့သို့ ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ထိုင်းအစိုးရ ကျန်းမာရေး ၀န်ကြီးဌာနမှ အရေပြားရောဂါ ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်ဟု သိရသည်။

ထိုင်းပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန၏ အရေပြားရောဂါဆိုင်ရာ အင်စတီကျူ၏ ဒါရိုက်တာဂျင်ဒါရော်ဂျန်နတ်မသင်က အရေးပြားကို ဖြူဖွေးရန် ဖန်တီးပေးသည့် ယင်းအသားဖြူဆေးလုံး၊ အရည်နှင့် အလှကုန်လိမ်းဆေး ပစ္စည်းများတွင် AHA ခေါ် Alpha Hydroxyl Acid များပမာဏ မြင့်မားစွာ ပါဝင်နေပြီး အရည်အချင်း ပြည့်ဝကာ ကျွမ်းကျင်သည့် အရေးပြားရောဂါကု ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်ကြောင့်ပြောသည်။

ဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာဂျင်ဒါက အသားဖြူဆေးဟုခေါ်သည့် ဆေးများသည် အရေးပြား ပူစပ်မှု၊ မီးလောင်ကွက် (သို့မဟုတ်) အရေပြားအလွှာ ကွာခြင်းကဲ့သို့ အတွေ့အကြုံများ ဖြစ်နိုင်ပြီး ထိုဆေး လိမ်းတတ်သူများသည် နေရောင်ခြည် ထိုးသည်ကို ခံနိုင်ရည် နည်းပါးလွန်းသည့် အရေပြားပိုင်ရှင်များ ဖြစ်လာနိုင်ကြောင်း ပြောသည်။

ထို့အပြင် အသားဖြူဆေးများသည် ကာလအတိုင်းအတာ တစ်ခုထက် ပို၍ သုံးစွဲလျှင် အရေးပြားကင်ဆာလည်း ဖြစ်နိုင်ပြီး မျက်လုံးနှင့် နီးသည့် နေရာများတွင် သုံးစွဲမှု ပြုလုပ်ပါက အမြင်အာရုံ ကွယ်စေနိုင်ကြောင်း သိရပါသည်။ အသားဖြူချင်တဲ့ လှချင်ရက် စက်စက်ယိုတွေ ဆင်ခြင် နိုင်စေဖွယ်ရာ တင်ပြလိုက်ရပါသည်။

Myanmar ICT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ