ပြီးပြည့်စုံသော နှာခေါင်း အလှပိုင်ရှင် ဖြစ်ဖို့ရန်

 ဟောလီးဝုဒ် ကြယ်ပွင့်မင်းသမီး တစ်ဦးဖြစ်သူ စကားလက်ဂျိုဟန်ဆန်သည် သက်ရှိ ထင်ရှား ရှိသူ အမျိုးသမီးများအနက် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး တစ်ဦးအဖြစ် မဲပေး ရွေးချယ် ခံခဲ့ရသူ ဖြစ်ခဲ့သည်။ သို့သော် သူမ အနေဖြင့် အဘယ်ကြောင့် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး ဖြစ်လာရခြင်းဆိုသည့် အကြောင်းပြချက်များ အနက် တစ်ခုဖြစ်သည့် သူမ၏ ပြီးပြည့်စုံသော နှာခေါင်း အလှသည်လည်း ပါဝင်ကြောင်း ယခုအခါ တွေ့ရှိ ခဲ့ကြသည်။ ထိုကဲ့သို့ အမျိုးသမီးတစ်ဦး အတွက် ပြီးပြည့်စုံသော နှာခေါင်းအလှကို အစားထိုး ခွဲစိတ် ကုပညာရှင်များက တွေ့ရှိ ခဲ့ခြင်းသည် ကြည်နူးဖွယ် ကောင်းလှသော တိုးတက် ပြောင်းလဲမှု တစ်ရပ်ပင် ဖြစ်ခဲ့သည်။

 အဆိုပါ ပညာရှင်များ၏ သုတေသန လုပ်ဆောင်မှုတွင် စကား လက်ဂျိုဟန်ဆန်၊ ကိန်းဘရစ်ခ်ျမြို့စား ကတော်၊ ကိတ်ဘာကင်ဆေးလ်နှင့် ဂျက်ဆီကာဘီ ယယ်လ်တို့သည် ပြီးပြည့်စုံသော နှာခေါင်း အလှပိုင်ရှင်များ ဖြစ်ကြောင်း တွေ့ရှိ ခဲ့ကြသည်။ ၎င်းတို့ကဲ့သို့ ပြီးပြည့်စုံသော နှာခေါင်းအလှ ပိုင်ရှင် ဖြစ်ဖို့ရန် အတွက် အမျိုးသမီး တစ်ဦး၏ နှုတ်ခမ်းထိပ်မှ နှာခေါင်းထိပ်အထိ ထောင့်တိုင်းထွာ မှုသည် ၁ဝ၆ ဒီဂရီ ရှိရမည်ဖြစ်ကြောင်း လေ့လာ တွေ့ရှိမှု အသစ်တွင် ပညာရှင်များက ပြောကြားခဲ့သည်။ ထို့ပြင် အမျိုးသား များ အနေဖြင့် ထိုကဲ့သို့ တိုင်းထွာမှုတွင် ၉ဝ ဒီဂရီခန့် ရှိပါက ယောက်ျားပီသသော နှာခေါင်းကို ပိုင်ဆိုင်မည် ဖြစ်ကြောင်း ပညာရှင်များက ထပ်လောင်း ပြောကြားခဲ့သည်။

 သို့သော် ပြီးပြည့် စုံသော နှာခေါင်း အလှကို တိုင်းတာနိုင်ရန် အတွက် ခွဲစိတ်ကုပညာရှင် များသည် စံနှုန်း အမျိုးမျိုးကို လက်ကိုင် ထားခဲ့ကြောင်း၊ ယခု တွေ့ရှိမှုသည် နှာခေါင်း အလှအတွက် ပြဋ္ဌာန်း နိုင်မည့် စံနှုန်း တစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း ယေဘုယျအားဖြင့် အမျိုးသား များတွင် နှုတ်ခမ်းမှနှာခေါင်းထိပ်အထိ ထောင့်တိုင်းထွာမှုသည် ၉ဝ ဒီဂရီနှင့် ၁ဝဝ ဒီဂရီ အကြား ရှိပါက ယောက်ျားပီ သသော နှာခေါင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး အမျိုးသမီးများ အနေဖြင့်မူ ၉၅ ဒီဂရီမှ ၁၁ဝ ဒီဂရီ အကြား ရှိပါက ပြီးပြည့်စုံသော နှာခေါင်းအလှကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ သုတေသနတွင် ပါဝင်သူ နယူးယောက် တက္ကသိုလ်မှ ဒေါက်တာ အိုမာအာမဒ်က ပြောကြား ထားသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia?ref=br_tf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ