၁။ ချောကလက်အညို
စိတ်ဖိစီးမှုများတာနဲ့ တခြား ရောဂါတွေကို တားဆီး ပေးပါတယ်။ ဥရောပ
သုတေသီတွေက ချောကလက် အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက
စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီစော ထွက်တာကို လျော့နည်း စေတယ်လို့
ဆိုပါတယ်။ ကော်တီစောက သွေးပေါင် တိုးစေပြီး စိတ်ဓာတ်ကျတာ၊ အဝလွန်တာ၊
နှလုံးရောဂါ စတာတွေ ကိုလည်း ဖြစ်စေနိုင်ပါတယ်။
၂။ မှို
ကင်ဆာ ရောဂါကို တိုက်ထုတ်နိုင်တဲ့ အင်တီ အောက်ဆီးဒင့်တွေ ရရှိနိုင် ပါတယ်။
တစ်နေ့ကို မှို တစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သား ကင်ဆာရောဂါ
ဖြစ်ပွားတာကို ၆၄ ရာခိုင်နှုန်း လျော့နည်း စေတယ်လို့ ဆိုပါတယ်။ တခြားသော
လေ့လာသူတွေက ရင်သား ကင်ဆာကို ဖြစ်စေတဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ရာမှာ
လိုအပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ Aromatase ရဲ့ အာနိသင်ကို
လျော့ကျစေပါတယ်။
၃။ ဆာဒင်းငါး
နှလုံးရောဂါကို ကာကွယ်
ပေးပါတယ်။ အိုမီဂါ-၃ ဓာတ် ကြွယ်ဝတာကြောင့် ရောင်ရမ်း မှုတွေကို
လျော့နည်းစေပြီး နှလုံးသွေးကြော ပိတ်တာ မဖြစ်အောင် ကာကွယ် ပေးပါတယ်။
ဒါ့အပြင် သွေးခဲတာ၊ နှလုံး တိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေ မဖြစ်အောင်
ကာကွယ်ပေးပြီး သွေးကြော တွေကို ပျော့ပျောင်း စေပါတယ်။ ဆာဒင်းငါး သုံးအောင်စ
စားပါက တစ်ဒသမသုံး ဂရမ်ရှိတဲ့ အိုမီဂါ- ၃ ကို ရရှိပါတယ်။
၎။ ထောပတ်သီး
ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချ ပေးပါတယ်။ ထောပတ်သီးထဲမှာ ကျန်းမာရေးနဲ့
ညီညွတ်တဲ့ မပြည့်ဝဆီတွေ များစွာ ပါဝင်နေပါတယ်။ ဒီအဆီတွေက သင့်ခန္ဓာကိုယ်
အလေးချိန် ကျအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ လေ့လာမှု တစ်ခုက သင်စားတဲ့
နေ့စဉ် အစားအစာ တွေထဲက ကယ်လိုရီရဲ့ ၂၃ ရာခိုင်နှုန်းကို မပြည့်ဝ ဆီတွေသာ
ပါဝင်တဲ့ အစားအစာ တွေကို စားပေးပါက သင့်ဗိုက်က အဆီတွေကို လျှော့ချနိုင်ပြီး
သင့်ခန္ဓာကိုယ် အလေးချိန်ကို ငါးပေါင်အထိ လျော့နည်း သွားစေတယ်လို့
ဆိုထားပါတယ်။
၅။ ငရုတ်ပွသီး
မျက်ကြည်လွှာ ရောဂါ
မဖြစ်အောင် ကာကွယ် ပေးပါတယ်။ အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်ကြည်လွှာ
ပျက်စီးတာနဲ့ မျက်စိတွင်း တိမ်ဖြစ်တာကြောင့် အမြင်အာရုံ ထိခိုက်တာကို
ကာကွယ် ပေးနိုင်ပါတယ်။ လူတင်း၊ ဇီဇန်သင်းနဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့
ငရုတ်ပွသီးက သင့်အမြင်အာရုံတွေ စူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။ တစ်နေ့ကို
ငရုတ်ပွသီး နှစ်ကြိမ် စားပေးပါက ဗီတာမင်စီအပြင် လူတင်း ၁၁၆ မိုက်ခရိုဂရမ်၊
ဇီဇန်သင်း ၅၆၂ မိုက်ခရိုဂရမ်ကို ရရှိစေပါတယ်။
၆။ အစိမ်းရောင် ပန်းဂေါ်ဖီ
မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ တရုတ်
ပန်းကန်လုံး တစ်လုံးစာ အစိမ်းရောင် ပန်းဂေါ်ဖီပွင့်ကနေ ဗီတာမင်စီနဲ့
ဗီတာမင်အေ ဓာတ်တွေကို ရရှိ စေနိုင်ပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင်
ဆန့်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပြီး
ဗီတာမင်အေက ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ် ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။
၇။ အာလူး
သွေးတိုး ကျစေပါတယ်။ အာလူး အရွယ်တော် တစ်လုံးကနေ ကယ်လိုရီ အပြည့်အဝ
ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိနိုင်တဲ့ ပိုတက်စီယမ် ပမာဏထက်
ပိုမို ရရှိနိုင်ပါတယ်။ ပိုတက်စီယမ်က နှလုံးရောဂါကို တိုက်ထုတ်နိုင်ပြီး
သွေးတိုး ကျစေပါတယ်။
၈။ ပန်းသီး
ကိုယ်ခံစွမ်းအား
မြှင့်တင် ပေးပါတယ်။ အရသာချိုတဲ့ ပန်းသီး အရွယ်တော် တစ်လုံးမှာ အင်တီ
အောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ကွာစန်တင်ဓာတ် ကြွယ်ဝပါတယ်။ ဒီဓာတ်က
ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခန္ဓာကိုယ် ခုခံကာကွယ်နိုင်စွမ်းအားကို
မြှင့်တင်ပေးပါတယ်။ Appalachian State University ရဲ့ နှစ်ပတ်ကြာ
လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုက ကွာစန်တင်ဓာတ် ပါအောင် စားသုံးသူတွေက မစားသုံး
သူတွေထက် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း ၄၅
ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။
၉။ ဟင်းနုနယ်ရွက်
အရိုးတွေကို သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို
မွေးဖွားစေပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက် ဖြစ်တဲ့ ဟင်းနုနယ်ရွက်ထဲမှာ
ဗီတာမင်ကေ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးတွေကို
သန်မာ စေပါတယ်။ ဖောလိတ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေက မွေးရာပါ ချို့ယွင်းချက်
မရှိတဲ့ ကလေးကို မွေးဖွား စေပါတယ်။ ခွက်တစ်ခွက်စာကနေ ၇ ကယ်လိုရီ
ရရှိနိုင်ပါတယ်။
၁ဝ။ နွားနို့
အရိုးပါး ရောဂါကို ကာကွယ်
ပေးပါတယ်။ ကယ်လ်စီယမ် အပြည့်အဝ ရရှိနိုင်တာကြောင့် အရိုးပါးရောဂါ
ဖြစ်ပွားမှုကို တားဆီး နိုင်ပါတယ်။ ဒိန်ချဉ်နဲ့ အဆီ မပါဝင်တဲ့ နွားနို့ကို
တစ်နေ့ သုံးကြိမ် သောက်ပေးပါ။
မြ၀တီ
အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ ၁၀ မျိုး
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin