သင့်လက်ကိုင် ဖုန်းနဲ့ ဓာတ်မတည့်ဖြစ် နေသလား

သင့်လက်ကိုင် ဖုန်းနဲ့ ဓာတ်မတည့်ဖြစ် နေသလား လက်ကိုင်ဖုန်း အများစုမှာ နီကယ်လ် သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ဓာတ်မတည့်တဲ့ သူတွေမှာ ဖုန်းနဲ့ ထိတွေတဲ့ ပါးပြင် နေရာနဲ့ နားရွက်မှာ ယားယံတဲ့ အနီပြင်နဲ့ အဖုတွေ ဖြစ်တတ် ပါတယ်။

“အမျိုးသမီး တွေက အမျိုးသား တွေထက် ဖုန်းနဲ့ ဓာတ်မတည့်မှု ပိုလွယ်စေနိုင်ပါတယ်။ အကြောင်းကတော့ သူတို့က နားပေါက် ဖောက်ထားတဲ့ အတွက် သွေးကြောထဲ နီကယ်လ် ဝင်ရောကဖို့ အလားအလာ များလို့ပါ”လို့ နယူးယောက်တက္ကသိုလ်မှ ဓာတ်မတည့်မှုဆိုင်ရာဌာနရှိ ဖိုနက်စီ ယာက ဆိုပါတယ်။

လေ့လာသူ ဖိုနက်စီယာက လက် ကိုင်ဖုန်းထဲက ရေပန်း အစားဆုံး အမျိုးအ စားတွေကို ဆန်းစစ်လေ့လာခဲ့ရာ ခေါက် ဖုန်းအများစုနဲ့ BlackBerry သုံးပုံ တစ် ပုံမှာ နီကယ်လ် ပါဝင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။ iPhoneနဲ့ Droid မိုဒယ်လ် အမျိုးအစား ဖုန်းတွေမှာ နီကယ်လ် လုံးဝ မပါဝင်တာကို တွေ့ခဲ့ရပါတယ်။

သင့်အနေနဲ့ သင့်ဖုန်းနဲ့ ဓာတ်မ တည့်မှုဖြစ်နေပြီလို့ သံသယရှိရင် ဖုန်းကို စပီကာဖွင့်ပြီး ပြောတာ၊ နားကြပ်တပ်ပြီး ပြောတာ၊ ဖုန်းကာဗာတပ်ပြီး ပြောတာ ဒါမှမဟုတ် ဖုန်းမျက်နှာပြင်ကို သန့်စင် ပြီးမှ ပြောတာတို့ လုပ်သင့်ပါတယ်။ 

ဇွန်

By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ